အပိုင်း(၂၃)

1K 105 37
                                    

When I saw you💛(အပိုင်း ၂၃)

"သားငယ်....
Minieကို လက်ထပ်ခွင့်တောင်းပြီးပြီလား"

"အခုထိတော့ မတောင်းရသေးဘူးမေမေ"

Yoongi စကားဆုံးတာနဲ့ သားဖြစ်သူလက်ထဲ
အနီရောင်ဗူးလေး ထည့်ပေးလိုက်တယ်။
Yoongi က အံ့ဩသလို မော့ကြည့်လာတော့
"ဖွင့်ကြည့်လိုက်" ဆိုတဲ့သဘောဖြင့်
မေးဆတ်ပြတယ်။

အနီရောင် ဗူးသေးသေးလေးအား
ဖွင့်ကြည့်လိုက်တော့....
အထဲတွင် အသွေးအရောင်တောက်ပမှုတို့
ယှဥ်ပြိုင်နေသော စိန်လက်စွပ်နှစ်ကွင်း...

စိန်ဆိုပေမယ့် လက်စွပ်ကွင်းလေးရဲ့ထိပ်မှာ
စိန်ဖြင့်ပြုလုပ်ထားတဲ့ နေမင်းလေးရယ်..
နောက်တစ်ကွင်းမှာ စိန်ဖြင့်ပြုလုပ်ထားတဲ့
လခြမ်းလေးရယ်....

အံ့ဩမှုတွေနဲ့အတူ ပျော်ရွှင်မှုတွေကြောင့်
ကျလာတဲ့ မျက်ရည်တွေဟာ မေမေ့ကို
ဘယ်လောက်ထိ ကျေးဇူးတင်ကြောင်း
သက်သေပင်။
ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းတောင်
မသိတော့တဲ့အထိ....

"မေမေ....."

"မေမေ စိတ်ကူးမယဥ်တတ်ပေမယ့်
သားငယ်အတွက်ဆိုပြီး.ဝယ်ထားခဲ့တာ။
သားငယ်ကို အိမ်ထောင်ချပေးချင်တဲ့
အချိန်ထဲကပေါ့။ဘယ်သူ့အတွက်လဲဆိုရင်
သားငယ်ရဲ သတို့သမီးလောင်း၊ မေမေ့ရဲ့ ချွေးမလေးအတွက်ပေါ့...."

ထိုစကားဆုံးတာနဲ့ Yoongiလည်းရှိုက်သံပါအောင်ငိုကြွေးတော့တယ်။
မိခင်ဖြစ်သူကတော့ လူငယ်တွေရဲ့ ခံစားချက်ကို
နားလည်တဲ့သဘောနဲ့ သားဖြစ်သူရဲ့ ခေါင်းလေးကို ဖွဖွလေး ပုတ်ပေးနေမိတယ်။

"အခုတော့ ဒီလက်စွပ်လေးကို သားငယ်ရဲ့
မြတ်နိုးရသူထံ အပ်နှင်းလိုက်ပါ။
သားငယ်ရဲပျော်ရွှင်မှု၊သားငယ်ရဲ့ဝမ်းနည်းမှု၊သားငယ်ရဲ့အထီးကျန်မှုတွေကို မျှဝေခံစားပေးနိုင်မယ့်သူထံ ဒီလက်စွပ်လေးနဲ့အတူ သားငယ်ရဲ့ဘဝတစ်ခုလုံးကို ပေးအပ်လိုက်ပါ။"

မေမေ့စကားဆုံးတာနဲ့ မေမေ့ရင်ခွင်ထဲကို ကလေးတစ်ယောက်သဖွယ် တိုးဝင်မိတယ်။အများကြီး နွေးထွေးပြီး အများကြီး လုံခြုံတဲ့ မိခင်အေးရိပ်လေး....။အလိုက်သင့်ပြန်လည်ထွေးပွေ့လာတဲ့
မေမေ့ရဲ့ လက်တစ်စုံကို အထပ်ထပ် ကျေးဇူးတင်နေမိတယ်။

💛Love Story💛 [Completed]Where stories live. Discover now