ဇာတ်သိမ်းပိုင်း

1.6K 102 18
                                    

"Yarr..Min Yoongi
ငြိမ်ငြိမ်လေး ထိုင်နေလို့ မရဘူးလား။
မျက်စိကိုနောက်နေတာပဲ...."

မျောက်မီးခဲဖင်ထိုင်ထားသလို ဂနာမငြိမ်ဖြစ်နေတဲ့ အသစ်စက်စက် သတို့သားလောင်းအား
ဆော့ဂျင်တစ်ယောက် ကြည့်မရတော့ပါ။

" ဟျောင်း... ကျွန်တော် အရမ်းစိတ်လှုပ်ရှာပြီး
ပျော်နေလို့ပါ။ ပြီးတော့ အရမ်းလည်းရင်ခုန်နေတယ်။"

အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့်
ခန့်ညားနေသော မင်ယွန်းဂီဟာ မင်္ဂလာပွဲ
အတွက် စိတ်လှုပ်ရှားပြီး ပြာယာခတ်နေသည်။

အဝတ်လဲခန်းထဲတွင် သူနှင့်ဆော့ဂျင်ရယ်
မိတ်ကပ်၊ Stylistတွေပဲ ရှိကြတယ်။
မြတ်နိုးရသူကတော့ သူနှင့်ဆန့်ကျင်ဘက်
အခန်းမှာ ပြင်တုန်းဆင်တုန်း။

ခုချိန်မှာ Jimine ကို အရမ်းတွေ့ချင်တာပဲ။
သူနှင့်ဆန်ကျင်ဘက် အဖြူရောင်အနောက်တိုင်း
ဝတ်စုံလေးနဲ့ ဘယ်လောက်များလှနေလိုက်မလဲ။
တွေ့ချင်လွန်းလို့လည်း ခုလိုယောက်ယတ်ခတ်နေရတာပေါ့။ ဆော့ဂျင်းဟျောင်းကတော့ သူ့ကို
ဘယ်လောက်အမြင်ကပ်နေလဲတော့ မသိ။

"ငါလည်း မင်္ဂလာဆောင်ခဲ့တာပါပဲ..
ဒါပေမယ့် မင်းကတော့ တခြားသူတွေနဲ့ကို
မတူဘူး...ယောက်ယတ်ခတ်နေလိုက်တာများ..
ပိုကိုပိုလွန်းတယ်"

ဆော့ဂျင်က ပိုရန်ကော ဆိုတဲ့ အကြည့်တွေနဲ့
စကားဆိုလာတော့။

"ပိုရမယ်လေ ဟျောင်းရဲ့။
Jimine နဲ့ ပတ်သတ်လာရင် မင်ယွန်းဂီ ဆိုတဲ့
လူသားက ဘယ်လိုကိစ္စပဲဖြစ်ဖြစ်၊
ဘယ်လိုအရာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာပဲဖြစ်ဖြစ်
ပိုနေအောင် ချစ်သွားမှာ။
လိုတယ်ဆိုတာမျိုး မရှိအောင်လည်း
ကျွန်တော့်ရဲ့ အချစ်ကြိုးတွေနဲ့ ထာဝရ
ချည်နှောင်သွားမှာ"

Yoongi အဖြေကို ကြားတာနဲ့ ဆော့ဂျင်က
နှာခေါင်းရှုံ့တယ်။

"တော်တော် ရူးတဲ့ကောင်"
ထိုစကားလေးကို Yoongi မကြားအောင်သာ
ပြောလိုက်တယ်။

" ဟျောင်း..မင်္ဂလာအချိန် နီးနေပြီလား.."

"နာရီဝက်လောက်တော့ လိုသေးတယ်"

💛Love Story💛 [Completed]Where stories live. Discover now