Love Story Begin💛

727 93 6
                                    

Jimin ထွက်သွားပြီးနောက် Yoongi ရဲ့ ရုံးခန်းလေးဟာ
တိတ်ဆိတ်နေသည်ဟု ထင်ရပေမယ့်...
မတိတ်ဆိတ်နိုင်သူ ရင်ထဲမှ ပေါက်ကွဲခံစားနေရတဲ့
Yoongi ရဲ့ ခံစားချက်တွေကိုရော ဘယ်သူမြင်နိုင်မလဲ

Jimine ပြောတဲ့စကား အရမ်းမှန်တာပဲ....
ချစ်ကြိုက်လမ်းခွဲကြလို့ ခံစားကြရပြီဆို
ရင်ဘက်ထုပြီး အော်ဟစ်ငိုကြွေးလို့မရတဲ့
ကျွန်တော့်တို့ ယောကျာ်းတွေရဲ့ နှလုံးသားကို
ခင်ဗျားတို့ဝင်ကြည့်ကြပါလားဗျာ........
သေလောက်အောင် ခံစားနေရတာတွေကို
ဘယ်လိုစကားလုံးမျိုးနဲ့မှ ဖော်ပြလို့
လုံလောက်မည်မထင်.....

ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့
Yoongi ဟာ အသက်ရော ရှိပါသေးရဲ့လား
ချစ်ရသူ Jimine နဲ့ ပတ်သတ်လာရင်
အသေးအဖွဲ့လေးကအစ အထိအခိုက်မခံနိုင်တဲ့
Yoongi ဟာ ဒီနေ့ သူ့ကြောင့် Jimine နာကျင်နေရတယ်
ဆိုတဲ့ အသိနဲ့တင် ရူးမတက်ခံစားနေရသည်မို့
ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုရော သူဘယ်လို
ဖြေရှင်းမလဲ။
တကယ်ဆို ချစ်ရသူရဲ့ လက်ကိုတွဲပြီး.
ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်
ဖြေရှင်းချင်ခဲ့တာက သူပဲလေ ဟုတ်တယ်မလား။
ခု Jimineရဲ့လက်ကို ပုတ်ထုတ်လိုက်သူကလည်း
Yoongi ဆိုတဲ့ သူပင်။

"Yoongi shii, နှလုံးသားရဲ့ စေရာအတိုင်း
လုပ်ဆောင်လိုက်ပါ"

ကျွန်တော့် လက်မောင်းကို သူမလက်နဲ့
ခပ်ဖွဖွလေး ကိုင်ပြီး ပြန်လည်အားပေးနှစ်သိမ့်နေသည့်
သူမက မကြာသေးခင်ကပဲ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့
အားကိုးရာမဲ့ ဘတ်ယယ်လျောင်းပင်။
ခုကျတော့လည်း.သူမဟုတ်တော့သည့်အတိုင်း
အပြုံးလေးနဲ့စကားဆိုနေသူရဲ့ နှလုံးသားတွေဟာ
ဘယ်လိုအသားမျိုးနဲ့ထုထွင်းထားလို့
ဒီလောက်တောင် ကြံ့ခိုင်နေရတာလဲ။

"ယယ်လျောင်း ကျွန်တော် ဘာဆက်လုပ်သင့်လဲ"

ဟုတ်တယ် ခုချိန်မှာ သူမဆီက အကြံဉာဏ်ကို
လိုချင်မိတယ်.....

"Jimin ကို အဆုံးရှုံး ခံနိုင်လား Yoongi shii "

"ဟင့်အင်း လုံးဝပဲ....
ကျွန်တော်ဆိုတဲ့ လူသားဟာ Jimine မရှိရင်
လုံးဝအသက်ရှင်လို့ မရဘူး "

💛Love Story💛 [Completed]Where stories live. Discover now