အပိုင်း(၁၇)

865 108 8
                                    

ကုတင်ပေါ်တွင် အေးချမ်းစွာ အိပ်စက်အနားယူနေတဲ့
အဖေ့ကို ကြည့်ပြီး ဂျောင်ဟိုတစ်ယောက် စိတ်ထဲကနေ အထပ်ထပ် တောင်းပန်နေမိတယ်....

"ကျွန်တော် ဆိုးခဲ့ မိုက်ခဲ့တာတွေ အားလုံးအတွက်
တောင်းပန်ပါတယ်.....
အမြဲတမ်းပဲ အနိုင်ယူချင်ခဲ့လို့...
အမြဲတမ်း အဖေ့ကို စိတ်ဆင်းရဲအောင်
လုပ်မိတဲ့အတွက် "

ထိုအချိန် ဖုန်းလာတာကြောင့် ကြည့်လိုက်တော့
ဆောင်းဟွန်း ဖြစ်နေတယ်...

*Hello
ဂျောင်ဟို မင်းအခု ဘယ်မှာလဲ *

"အိမ်မှာလေ ဘာဖြစ်လို့လဲ "

*အေး ညကျရင် မင်း Bar ကို မသွားနဲ့နော်
လုံးဝမသွားနဲ့ ငါ့စကားကို နားထောင်*

"ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"

* ငါသတင်းကြားမိတာ...
ဒီည မင်းထိုင်နေကျ Barကို ရဲတွေ ဝိုင်းမယ်တဲ့..
ဆေးဝါးဖြန့်ချီမှုနဲ့ ဝရမ်းထုတ်လိုက်ပြီ*

ဆောင်းဟွန်း စကားကြောင့် အနည်းငယ်တော့
ထိတ်လန့်သွားတယ်...
ခုလိုမျိုး သတင်းပေးတဲ့အတွက်လည်း ဆောင်းဟွန်းကို
ကျေးဇူးတင်တယ်...
ကျွန်တော့်ဘဝမှာ ဆောင်းဟွန်း လိုသူငယ်ချင်းမျိုး
ပိုင်ဆိုင်ထားရတာလဲ ဆုလဒ်တစ်ခုပါပဲ...

" ကျေးဇူးပါ ငါ့ကို စိတ်ပူပေးတဲ့အတွက်...
ဒါနဲ့ မင်းက ဒီအကြောင်း ဘယ်လိုသိလဲ"

*ဂျောင်ဟို ...
မင်းနဲ့ပတ်သတ်လာရင် ငါမသိတာများ ရှိသေးလို့လား*

သူပြောတာလည်း အမှန်ပင်... ဆောင်းဟွန်း ဆိုတာ
ကျွန်တော့်အတွက် ဒုတိယ ဖခင်လိုပါပဲ...
ကျွန်တော့်အတွက် အမြဲစိတ်ပူပေးပြီး လမ်းမှန်ကိုပဲ
ပြသခဲ့တာ...ကျွန်တော်ကိုယ်တိုင်က လမ်းမှားလျှောက်နေပေမယ့်လည်းပေါ့...

"ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ် ဆောင်းဟွန်း "

*မင်းငါ့ကို ကျေးဇူးတင်ရင်.....
ငါ့စကားကို တစ်ခေါက်လောက် နားထောင်ပါလားကွာ*

"ဘာကိုလဲ "

*မင်း ယယ်လျောင်းကို Company ကိစ္စနဲ့
ချောက်ချထားတာ ငါအကုန်သိတယ်။
အချိန်မနှောင်းခင် မင်းအမှားကို ဝန်ခံပြီး
ယယ်လျောင်းအပေါ် ရန်ငြိုးတွေ အဆုံးသတ်လိုက်ပါ*

💛Love Story💛 [Completed]Onde histórias criam vida. Descubra agora