အပိုင်း(၆)

1K 115 4
                                    

စက်ဘီးလေး အချိန်အတော်ကြာ စီးပြီးသည့်နောက် မြေနီလမ်းလေးနဲ့ သစ်ပင်ကြီးတွေကို ကျောခိုင်းခဲ့ပြီး.........
နောက်ထပ်မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းမှာလည်း အံအားသင့်စရာ.....
အစိမ်းရောင် မြက်နုနုလေးများ ပေါက်နေသည့် လမ်းမထက်...
Jimine က ကျွန်တော့် စက်ဘီး ပေါ်မှ ဆင်းပြီး စက်ဘီးလေးကို ဘေးနားဆီမှာ ထောက်ထားလိုက်၏။

"ကိုကို လှလားဟင်"

ဘယ်လိုပြန်ဖြေရမလဲတောင် မသိတော့ပါဘူးဗျာ...
ကျွန်တော့်ဘဝမှာ ဒီလောက်လှတဲ့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး....
မြို့ကြီးပြကြီးမှာ နေခဲ့ရသည်မို့ ဒီလို ရှုခင်းမျိုးကလည်း မြင်ရခဲပေခြင်း.......

နေလုံးကြီးလည်း အနောက်ရပ်ဝန်းဆီသို့ ဝင်လုနီးနီး ဖြစ်နေတဲ့အတွက်ကြောင့် နေပူမှာလည်း စိုးရိမ်စရာမလို....
မြက်ခင်းနုနုလေးများနှင့်အတူ သဘာဝအလျောက်ပေါက်နေသည့် ရောင်စုံပန်းများကလည်း ရှိသေး....
ဒေစီပန်းခင်းကြီးမှာလည်း အဖြူရောင်သင်းရနံ့များနှင့်အတူ ခန့်ညားလျက်......
လိပ်ပြာ၊ ပိတုန်း၊ ပုစဥ်း အမျိုးမျိုးသော ပိုးကောင်တို့ကလည်း ဤပန်းခြံလေးကို အသက်သွင်းလျက်......

အစိမ်းရောင်ကြွေပြားလေးများ ခင်းထားသည့် အုတ်ခုံတန်းလေးပေါ် ကျွန်တော် ထိုင်လိုက်ပြီး သဘာဝရဲ့ အလှတရားကို ခံစားနေလိုက်တယ်.....
ထိုအလှတရားတွေအကြောင်း သိချင်လာ၍ မေးမည်ကြံတော့.....

ဟိုပဲပိကိုယ်တော်က ဖုန်းလေးထုတ်ပြီး Focus ချိန်နေလိုက်တာများ...
သေချာပါတယ် Jimine တို့ ရှိုးထုတ်ပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုတာ...
ကျွန်တော်က အဲ့လိုမျိုး တွေ စိတ်ကိုမဝင်စားတာ.....

"ကိုကို ကျွန်တော့်ကို ဓာတ်ပုံလေး ရိုက်ပေးပါလား"

"ကိုယ့်ဘာသာ ရိုက်လေ ဒီမှာ ကိုကို နားနေတယ်"

"ကိုကိုကလည်း ဓာတ်ပုံလေး ရိုက်ပေးရတာ
ပင်ပန်းတာမှ မဟုတ်တာ "

"Jimine ရယ် ရောက်တုန်းရောက်ခိုက်လေး
ပဲမများပဲ ရှုခင်းတွေကို ကိုကိုနဲ့အတူ ခံစားကြည့်ပါလား"

ဓာတ်ပုံလေး တစ်ခါ ရိုက်ခိုင်းမိပါတယ် ပေရှည်နေလိုက်တာများ စိတ်ကိုမရှည်တော့ဘူး....
အဲ့ကြောင့် ဆော့ဂျင်ဟျောင်းက ကိုကို့ကို လူပျိကြီးဖြစ်မှာလို့ ခဏခဏ ကျိန်ဆဲနေတာ....
ဒီလို ဇီဇာ ကြောင်ပုံ မျိုးနဲ့များ......

💛Love Story💛 [Completed]Where stories live. Discover now