အပိုင်း(၁၀)

897 104 4
                                    

မီးဖိုချောင်ခန်းထဲ၌ ခေါက်ဆွဲပြုတ်ဖို့ စီစဥ်နေတဲ့ ကိုကို့ကို ထမင်းစားဝိုင်းရဲ့ ခုံလေးပေါ် လက်လေးထောက်ပြီး စိတ်လိုလက်ရ ကြည့်နေလိုက်တယ်.....
ကိုကိုက ဘာလို့ဒီလောက်တောင် ဆွဲဆောင်မှု ရှိရတာလဲ....
အဝေးကကြည့်နေရင်တောင် ဆွဲဆောင်မှု ရှိတဲ့ ကိုကို့ကို တခြားသော မိန်းကလေးတွေများ ကြွေနေကြလား..
ကိုကို့မှာရော ချစ်ရတဲ့ ကောင်မလေး ရှိနေပြီလား...
မဖြစ်ပါဘူး။ အတွေးနဲ့တင် ကိုကို့ကို တခြားလူ ပိုင်ဆိုင်သွားမယ်လို့ စဥ်းစားမိတိုင်း ဆောက်တည်ရာမရ။
ကိုကိုဟာ ကျွန်တော် တစ်ယောက်တည်းအတွက်သာ ။

ခေါက်ဆွဲပြုတ်အိုးကို Gas မီးဖိုပေါ် တင်နေတဲ့ ကိုကို့ကို နောက်ကနေ လက်နောက်ပစ်ပြီး ပခုံးလေးပေါ် မေးတင်လိုက်တဲ့အခါ.......
ကိုကို့ဆီမှ ရလာတဲ့ သင်းပျံ့ပျံ့ရနံငယ်။
ကိုကိုဟာ အလုပ်သွားတဲ့အချိန် နေ့ပိုင်းတွေမှာဆို ခင်ပြင်းပြင်းနဲ့ ဆွဲဆောင်မှု ရှိတဲ့ ရေမွှေးကို သုံးပြီး ....
ညပိုင်းမှာဆို အေးမြမြနဲ့ ခပ်သင်းသင်း ရေမွှေးကို သုံးတယ်.....
ထိုကဲ့သို့ ကိုကို့ရဲ့ ကိုယ်သင်းရနံတွေဟာလည်း ကျွန်တော်ရဲ့ ရင်ခုန်ရာလေးတစ်ခုပါ....

ပခုံးလေးပေါ် ရုတ်တရက်ဆန်စွာ မေးတင်လိုက်တဲ့ ကျွန်တော့်ကြောင့် ကိုယ်လေးအနည်းငယ် တွန့်သွားတဲ့ ကိုကိုကို့ စချင်လာတာကြောင့် ပါးလေးတွေတွန့်အောင် ပြုံးလိုက်ပြီး....

"Hyung သေးသေးလေးက ခေါက်ဆွဲပြုတ်နေတာတောင် စမတ်ကျလိုက်တာ "

ကျွန်တော့်စကားလည်း ဆုံးရော ဒိုင်းခနဲ ရောက်လာတဲ့ ကိုကို့ရဲ့ချစ်ဖို့ကေင်းတဲ့ မျက်စောင်းတစ်ချက်....

မေးတင်ထားတဲ့ Jiminမျက်နှာကို Yoongi တစ်ယောက် မျက်စောင်းလှည့်ထိုးလိုက်တဲ့အခါ နီးကပ်သွားတဲ့ မျက်နှာနှစ်ခုနဲ့အတူ မတည်ငြိမ်သော နှလုံးသား နှစ်စုံ....
တိတ်ဆိတ်နေတဲ့ မီးဖိုချောင်ခန်းထဲမှ ထွက်ကျလာတဲ့ ရင်ခုန်သံတွေကိုရော ကြားနေလျက်နဲ့ မသိချင်ယောင်ဆောင်နေကြပါသလား......

Yoongi ပခုံးပေါ် တင်ထားတဲ့ မေးလေးကို ဖြေချလိုက်ပြီး Jiminတစ်ယောက် Yoongi ဘေးမှာ ရပ်လိုက်တယ်....
တိတ်ဆိတ်နေတဲ့ လေထုကို ပတ်ခ်ဂျီမင်း တစ်ယောက် ဖြိုခွင်းလိုက်ပုံမှာ....

💛Love Story💛 [Completed]Where stories live. Discover now