အပိုင်း(၄)

1.1K 148 1
                                    

အထက်တန်း ကျောင်းသား အရွယ်

ကိုကိုကလည်း ကြာလိုက်တာဗျာ တခြားကျောင်းသားတွေတောင် ထွက်လာပြီ။
ကိုကိုကတော့ ခုထိ အရိပ်အယောင်တောင် မမြင်ရသေး.....
ဆော့ဂျင်ဟျောင်းကတော့ သိတဲ့အတိုင်း
ကျောင်းကျတော့ ၅ရက်တက်ရပြီး ပိတ်ရက်ကျတော့ ၂ရက်ပဲပိတ်ပေးတဲ့ မတရားမှုကြီးကို...
တရားအောင် သောကြာနေ့တိုင်း ကျောင်းပျက်တဲ့ သောကြာသားလေးလေ.....
သောကြာနေ့ရောက်တိုင်း ဖျားလိုက် ခေါင်းမူးလိုက် ဗိုက်အေင့်လိုက်နဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ဟန်ဆောင်ပြနေတော့တာပဲ....
မိဘတွေကတော့ အကောင်းမှတ်ပြီး ခွင့်လာတိုင်ရတာလည်း အမော ဒါတောင် သူတို့က မရိပ်မိကျဘူး...
ကျောင်း၄ရက်တက်ပြီး ကိုယ့်သဘောနဲ့ကို ၃ရက်ပိတ်တဲ့ ဟျောင်းဟာလေ အထက်တန်း ရောက်နေတာတောင် အချိုးက တစ်စက်မှ မပြောင်း........

၄နာရီ ခွဲလို့ ကျောင်းသားတွေလည်း အကုန်ကုန်သွားကြပြီ..ကိုကိုကတော့ ရောက်မလာပါ
စိတ်တွေလည်း ပူလာသည့်အတွက် အလျင်အမြန်ပဲ ကိုကို့အတန်းရှေ့ရောက်သွားတယ်...
ရောက်ရောက်ခြင်း မြင်လိုက်ရတဲ့ မြင်ကွင်း ကတော့....

တကယ်ပဲ စိတ်ပျက်လိုက်တာ ကျွန်တော်ကတော့ ကိုကို့ကို စောင့်နေရင်း စိတ်ပူနေရတာ ခုတော့ ကိုကိုက ကျောင်းသူလေး တစ်ယောက်ကို စာရှင်းပြနေလိုက်တာများ အေးအေးဆေးဆေးပင်..........
တကယ်ပဲ စိတ်တွေလည်းထိန်းချုပ်မရတော့...
အတန်းရှေ့မှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်သွားတဲ့ ကိုကို့ကိုသာ မျက်စောင်းတစ်ချက် ခဲပြီး ထွက်လာခဲ့တော့တယ်....
အဲ့မှာ ဖြစ်ချင်တာ ဖြစ်ကြ.....

မကြာပါဘူး အနောက်က ခြေသံသေးသေးလေးနဲ့အတူ ကိုကိုပြေးလိုက်လာတယ်...
စိတ်ကောက်ပြအုံးမှာ ကြည့်နေ!

"Jimine ကိုကို့ကို စိတ်ဆိုးသွားတာလား "

"စိတ်ဆိုးသင့်လား မဆိုးသင့်ဘူးလား"

"ကိုကိုရှင်းပြပါ့မယ်"

"မပြောနဲ့"
ဒေါသ ထွက်နေတာ မဟုတ်ဘဲ နှုတ်ခမ်းလေး ဆူပြီးတော့ ရန်ပြန်တွေ့နေရခြင်း.....
ခြေလှမ်းတွေလည်း ရပ်တန့်ခြင်းမရှိ ရှေ့ဆက်သွားမြဲ
ကိုကိုကလည်း ဘေးကနေ ကပ်လိုက်ပြီး နည်းမျိုးစုံနဲ့ ချော့နေတော့တာ.....

💛Love Story💛 [Completed]Where stories live. Discover now