အပိုင်း(၁၄)

1K 107 11
                                    

ချစ်ရသူဆီမှ အကြောင်းစုံ သိရပြီးနောက်
ကိုယ့်ရဲ့ အတ္တကိုရှေ့တန်းတင်ကာ ကိုကိုနဲ့ယယ်လျောင်း
အပေါ် သောင်းကျန်းခဲ့မိတာတွေအတွက် တကယ်
စိတ်မကောင်းဖြစ်မိတယ်။
ကျွန်တော့်ကြောင့် ကိုကိုလည်း စိတ်ဆင်းရဲခဲ့ရသလို
ယယ်လျောင်းရဲ့ သိက္ခာကိုလည်း စော်ကားမိသလို
ဖြစ်သွားခဲ့တယ်။

ကိုကိုလက်ကိုတွဲပြီး လူအနည်းငယ် ရှင်းတဲ့
Platformပေါ် ကိုကိုခေါ်ဆောင်ရာနောက်ကိုသာ
လိုက်နေမိတယ်။
ဘယ်သွားနေလဲဆိုတာကိုတော့ သေချာ မသိပါ။
သူသိတာက ညနေက ကိုကို့အပေါ် စိတ်ညစ်အောင်
လုပ်ခဲ့မိတဲ့အတွက် အပြစ်ရှိသလို ခံစားနေရခြင်း.....

ကိုကို့ကို ကြည့်မိတော့လည်း ကိုကို့ပုံစံက
ဘာကိုမှ အမှတ်မထားဘဲ သူ့လက်ကိုသာတွဲရင်း
လမ်းလျှောက်နေသည့် တစ်လျှောက်လုံးလည်း
ပြုံးနေလျက် ။

ကျွန်တော် အရမ်းပျော်တာပဲ။ ခုလိုမျိုး ကျွန်တော်
မြတ်နိုးရတဲ့ Jimine လက်ကိုဆွဲရင်း ကမ္ဘာ အနှံ
လျှောက်သွားနေရမယ်ဆိုရင်လည်း
သူအရာရာအာလုံးကို မေ့ပစ်ထားမိမှာပဲ။
ညနေက ပြသနာကြောင့် ဖေဖေတို့ စိတ်ပူပြီး
ဖုန်းခေါ်နေကြပေမယ့် သူကတော့
ဖုန်းကိုစက်ပိတ်လိုက်ပြီး Jimine လက်ကိုသာ
တွဲရင်း ပျော်ရွှင်မှုရဲ့ ခေါ်ဆောင်ရာနောက်ကိုပဲ
လိုက်နေခဲ့တယ်။

ကျွန်တော် အခုလို လှပတဲ့အခိုက်အတန့်လေးမှာ
ဘယ်လိုစိတ်ညစ်စရာကိုမှ မတွေးချင်တော့ဘူး။
ရှေ့ဆက်ရမယ့် အနာဂါတ်ကိုလည်း.ချစ်ရသူနဲ့အတူ
ရှေ့ဆက်လျှောက်လှမ်းမှာမို့ ခွန်းအားတွေရှိခဲ့ပါပြီ။

ကျွန်တော် သတိထားမိတယ် လူးရှင်းတဲ့ Platformပေါ်
Jimine လက်ကိုတွဲရင်းလျှောက်နေသည့်
တစ်လျှောက်လုံး ဘေးမှ ပုပုလုံးလုံး ချစ်ရသူဟာ
တစ်ချက်တစ်ချက် ကျွန်တော့်ကို
လှမ်းလှမ်းကြည့်နေတယ်။
ကျွန်တော့်အရိပ်အခြေကို ကြည့်နေတဲ့ပုံစံမျိုး
ညနေက သောင်းကျန်းထားတဲ့ ကိစ္စအပေါ်
စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ ။
ဒါပေမယ့် ကျွန်တော်က Jimine နဲ့ပတ်သတ်လာရင်
ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ခွင့်လွှတ်ပြီးသားပါ။

💛Love Story💛 [Completed]Où les histoires vivent. Découvrez maintenant