အပိုင်း(၉)

854 105 8
                                    

"ဒါဆို  ကျွန်တော်တို့ရဲ့ ပရောဂျက်က လူငယ်တွေ ဦးဆောင်ကြမှာပေါ့နော် Mr.Min..."

"ဒါပေါ့ ကျွန်တော့်သားနဲ့ ခင်ဗျား သမီး
ဦးဆောင်မယ့် ဒီပရောဂျက်မှာ.....
အခက်အခဲ တစ်စုံတစ်ရာ မရှိအောင် ကျွန်တော်တို့က ဘေးကနေ Control ပေးရုံပဲ"

Diamond Restaurant ရဲ့ သီးသန့်စားသောက်ခန်းလေးမှ သဘောတကျ ရယ်မောသံ ချီးကျူးသံများဖြင့် အသက်ဝင်လျက်.......
အဖေဖြစ်သူ နှစ်ဦးဟာလည်း သားဖြစ်သူနဲ့ သမီးဖြစ်သူ အကြောင်း ချီးမွမ်းခန်းဖွင့်ဆိုကြရင်း....
သားဖြစ်သူနဲ့ သမီးဖြစ်သူ Yoongi နဲ့ ယယ်လျောင်းဟာလည်း အဖေဖြစ်သူတွေရဲ့ စကားနောက်သို့ Follow လိုက်ရင်း.....
ညစာ စားပွဲလေးဟာ အရင်နေ့တွေနှင့်မတူ မိတ်ဆွေ အသစ်များကြောင့် လှပနေလျက်....

ဒိတ်ဒိတ်ကြဲ ကုမ္ပဏီ နှစ်ခု ပူးပေါင်းလုပ်ဆောင်ကြမယ့် ပရောဂျက်ဟာ......
တက်သစ်စ လူငယ်နှစ်ဦး Yoongi နဲ့ ယယ်လျောင်းရဲ့ ဦးဆောင်မှုအောက်.....
တစ်နေ့နေ့ တစ်ချိန်ချိန် အနာဂတ်မှာ စားသောက်ဆိုင်ရဲ့ နမည်ကဲ့သို့ လင်းလက် တောက်ပ နိုင်ပါ့မလား.....

"အော်.. ဒါနဲ့..
Mr.Min က သားနှစ်ယောက်ဆို"

"ဟုတ်တယ် သားအငယ်လေး ရှိသေးတယ်လေ...
နမည်က Park Jimin တဲ့"

"ဟင် မျိုးရိုးက..."

မျိုးရိုးမတူတာကြောင့် တအံတဩနဲ့ ပြန်မေးလာသူ Mr.Baek ...

"ဟုတ်တယ် အငယ်လေးက မွေးစားထားတာလေ
ဒါပေမယ့် သားအရင်းလိုပဲ ကျွန်တော်တို့က
ချစ်ပါတယ် "

"အော် ကျွန်တော် နည်းနည်း စပ်စုသလို ဖြစ်သွားတယ် "

"ရပါတယ် Mr.Baek ရယ် ကျွန်တော်တို့က သူစိမ်းမှ မဟုတ်တော့တာ..
ပြီးတော့ အငယ်လေးကလည်း ကျွန်တော်တို့
ပရောဂျက်မှာ ပူးပေါင်းပေးမယ့် နောက်တစ်ဦးပေါ့...."

Mr.Min ရဲ့ စကားကြောင့် Mr.Baek လည်း အံဩသွားပြီး ပြန်မေးလိုက်တယ်...

"Jiminက ဘယ်လို ပူးပေါင်းမှာလဲ...."

"အငယ်လေးရဲ့ မိဘတွေက လိမ္မော် စိုက်ခင်းကို ပိုင်ဆိုင်ကြတဲ့သူတွေလေ...
မိဘတွေ ဆုံးသွားတော့ ထိုစိုက်ခင်းတွေကို ကျွန်တော်ကပဲ မပျက်စီးအောင် ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်...
အငယ်လေး အရွယ်ရောက်လာတော့ သူ့မိဘတွေ ပိုင်ဆိုင်တဲ့ အမွေကို ပြန်ပေးရတော့မယ်လေ...

💛Love Story💛 [Completed]Hikayelerin yaşadığı yer. Şimdi keşfedin