အပိုင်း(၁၈)

986 102 5
                                    

"ဘယ်ကို ခေါ်လာတာလဲ!!!!
ခုချက်ချင်း လွှတ်စမ်း....အ.."

အငြိမ်မနေတဲ့ Jimin ကို အိပ်ရာပေါ် တွန်းချလိုက်ပြီး
အခန်းတရားကို ပိတ်လိုက်တယ်...
Jimin တစ်ယောက် လက်ပြန်ကြိုးတုတ်ခံထားရတာမို့
ဘာမှ ပြန်မလုပ်နိုင် တစ်ဖက်လူရဲ့ အားကြောင့်
အိပ်ရာပေါ် ခွေလျက်လဲကျသွားတယ်....

"ကောင်လေး မင်းတော်တော်စကားများတာပဲ..
ကားပေါ်မှာလည်း အော်ဟစ်နေတာ...
ခုတော့ ငြိမ်ငြိမ်နေပါ။ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့... "

"ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ"

Jiminအမေးကြောင့် တစ်ဖက်လူက
ခပ်ညစ်ညစ်ပြုံးလိုက်ပြီး....

"အဟက်...သိပ်သိချင်နေလား...
ဒါဆိုလည်း ပြောပြရတာပေါ့။
ဒီတိုက်ခန်းက ယောင်းဆူတစ်ယောက်ပဲ သီးသန့်နေတဲ့အခန်းလေ။ဒါပေမယ့် သူက သူသဘောကျတဲ့
အလှလေးတွေကို ခေါ်လာပြီးတော့လည်း
ပျော်ပါးတတ်သေးတယ်.....
ဟားဟားဟား.... ဒီတစ်ခေါက် မင်းအလှည့်ပေါ့ကွာ.."

"ခှေးမသား...!!!"

"ဘာပြောတယ်!!!!"

Jiminစကားကြောင့် တစ်ဖက်လူလည်း ဒေါသထွက်ပြီး
အိပ်ရာပေါ်က Jiminမျက်နှာကို လက်တစ်ဖက်နဲ့
အားကုန်ညစ်လိုက်တယ်....

ဒီလောက်နဲ့ ပတ်ခ်ဂျီမင်းတို့ ဖြုံမယ်များ
ထင်နေလား....
ရွံစရာကောင်းလွန်းတဲ့ တစ်ဖက်လူရဲ့ မျက်နှာကို
စူးရှပြီး နီရဲနေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်တယ်...
သေချာပေါက် ထိုအကြည့်တွေဟာ
မီးဟုန်းဟုန်း တောက်နေပေလိမ့်မယ်။

"ခင်ဗျားတို့ ပြုသမျှ နုရအောင်
ကျွန်တော်က စောက်ရူးမဟုတ်ဘူး...
စောင့်ကြည့်နေလိုက် မကြာခင် ခင်ဗျားတို့ဘဝကို
စုတ်ပြတ်သတ်သွားစေရမယ်....."

Jimin စကားကြောင့် တစ်ဖက်လူလည်း
အားရပါးရရယ်လိုက်ပြီး......
နဂိုညစ်ထားတဲ့ လက်တွေကို အားထည့်လိုက်တဲ့အခါ..
Jiminရဲ့ ခြေထောက်နဲ့ တစ်ဖက်လူရဲ့ ရင်ဘက်
လှလှပပလေး မိတ်ဆက်သွားတယ်။

Jimin လက်တွေကို ကြိုးတုတ်ထားပေမယ့်လည်း
လွတ်နေတဲ့ ခြေထောက်နဲ့ ခပ်ပြင်းပြင်း ကန်လိုက်တာမို့
တစ်ဖက်လူလည်း ကုတင်ပေါ်မှ တစ်ခါတည်း
ရုပ်ပျက်ဆင်းပျက်ကြသွားတယ်။

💛Love Story💛 [Completed]Where stories live. Discover now