Extra💛

1.4K 101 13
                                    

မေတ္တာတို့ဖြင့် ရစ်ပတ်ဖွဲ့နှောင်ခဲ့ပြီး ချစ်ခြင်းတရားတို့ဖြင့် ချည်နှောင်ခဲ့သော ကြိုးကလေးတစ်ချောင်းသည် သူတို့ဘဝထဲသို့ Min Jihyunဆိုသော ၃နှစ်သားအရွယ် ချစ်စဖွယ်ကလေးလေးအဖြစ် ဝင်ရောက်လာခဲ့ပါပြီ။

ကျွန်တော့်အတွက်တော့ ချစ်ရသူJiminieနဲ့ မြတ်နိုးရသူ ဟွန်းလေးတို့ဖြင့် လက်တွဲပြီးစတင်ခဲ့ရသော နေ့ရက်တိုင်းက လှပလွန်းတာထက် ပိုလွန်းခဲ့ပါသည်။

နံနက်ခင်းရဲ့ နေရောင်ခြည်တစ်စိုးတစ်စက ပြတင်းတံခါးအား ထိုးဖောက်ဝင်ရောက်လာတာကြောင့် သားဖသုံးယောက်လုံး လှုပ်လီလှုပ်လဲ့ဖြင့်
နိုးလာခဲ့ကြတယ်။ ဒါပေမယ့်လည်း အပျင်းကြီးပြီး မထချင်ကြသေးပါ။ အိပ်ယာထဲမှာပဲ စောင်ခြုံပြီး ပြန်ကွေးနေလိုက်တယ်။

"ရွှတ်"

အလယ်ထဲမှ အိပ်နေတဲ့ သားဖြစ်သူက နိုးလာပြီး
Yoongiရဲ့ ပါးတစ်ဖက်ကို အိနေအောင် နမ်းလိုက်တာကြောင့် Yoongiမျက်နှာလေး ပြုံးရိပ်သန်းသွားတယ်....

"ဒယ်ဒီ့ပါးလေးတွေက နွှေး(မွှေး)နေတာပဲ"

ဗိုက်ပေါ် တက်ထိုင်ပြီး စောစောစီးစီး ကပ်ချွဲနေတဲ့
ဟွန်းလေးကတော့ တစ်ခုခု ပူဆာအုံးမယ်ဆိုတာ ကြိုသိနေပါသည်။

" မွှေးရင် ထပ်နမ်း"

Yoongi ပါးလေးကို ဖောင်းပြလိုက်တော့ သားဖြစ်သူက နောက်တစ်ကြိမ် နစ်နေအောင် နမ်းလိုက်တယ်။

"ဟီးဟီး ဘယ်အချိန် နမ်းနမ်းနွှေး(မွှေး)နေတာပဲ"

စောစောစီးစီး ကျီစယ်နေတဲ့ သားဖနှစ်ယောက်ကြောင့် Jiminလည်း နိုးသွားပြီး ဘေးတစ်စောင်း အနေအထားဖြင့် သားဖနှစ်ယောက်ကို ကြည့်နေလိုက်တယ်။

"ဒယ့်ဒီရဲ့ ဟွန်းလေး ဘာလိုချင်လို့ ချွဲနေတာလဲဟင်"

Yoongi မေးလိုက်တော့ သားဖြစ်သူက မျက်လုံးလေးတွေ မပွင့်တော့ဘဲ သွားသေးသေးလေးတွေ  ပေါ်သည်အထိ ရယ်လိုက်ပြီး..
Yoongi နားလေးကို ကပ်ကာ တိုးတိုးလေးပြောလိုက်တယ်။

"ဟွန်းလေးက ဒီနေ့ ရေခဲမုန့်စားချင်လို့ဟုတ်လား"

မကြားအောင် နားနားကပ်ပြောပါတယ်ဆို အကျယ်ကြီး အော်မေးလာတဲ့ Yoongi အား
ဟွန်းလေးတစ်ယောက်နှုတ်ခမ်းလေးဆူပြီး လက်သေးသေးလေးတွေနဲ့ ရင်ဘက်ကို ထုရိုက်လာတယ်။

💛Love Story💛 [Completed]Where stories live. Discover now