အပိုင်း(၁၉)

1.1K 111 7
                                    

"ဒေါက်တာ လူနာအခြေအနေက စိုးရိမ်ရလား......
ဘယ်အချိန်လောက် သတိပြန်ရမလဲ....
ဗိုက်က ဓားဒဏ်ရာက တော်တော်နက်လား.....
တခြားထိခိုက်ထားတာတွေရော ရှိလား......
လူနာ..."

"နေပါအုံး လူနာရှင်ရယ်"

မွေးခွန်းတရစပ်နဲ့ အသက်ထွက်မတက် မေးနေတဲ့
Yoongiကို ဒေါက်တာဝင်တားလိုက်တော့မှပဲ
Yoongi ရဲ့ စကားတွေ ရပ်တန့်ကုန်တယ်။

စိုးရိမ်လွန်းလို့ မရိုးမရွဖြစ်နေတဲ့ Yoongiကိုကြည့်ကာ
ဒေါက်တာ တစ်ချက်ပြုံးလိုက်ပြီး.....

"လူနာရှင်က ခုလိုမျိုး စိုးရိမ်လွန်နေရင်
ကျွန်တော်တို့ ခင်ဗျားကို စိတ်ငြိမ်ဆေးအရင်ထိုးပေးမှ
ဖြစ်လိမ့်မယ်... "

ဒေါက်တာရဲ့ ရွှတ်နောက်နောက် စကားကြောင့်
ဘေးမှ သူနာပြုလေးတွေလည်း
အသံတိတ်ရယ်နေကြတယ်။
ထိုတော့မှ Yoongi လည်း သူ့ရဲ့ အကဲပိုလွန်းတဲ့
အပြုအမူတွေ အပေါ် ရှက်သွေးဖြာရပြန်တယ်....

ဘယ်သူတွေ ဘယ်လိုပင် မြင်ပါစေ။
Yoongi ဟာ Jiminနဲ့ ပတ်သတ်လာလျှင်
အသေးအဖွဲ့လေးကအစ အထိအခိုက်မခံရက်သူပါ။
Jimin ပါးပေါ်မှာ ကျူးကျော်ဝင်ရောက်လာတတ်တဲ့
သက်မဲ့ မျက်ရည်စက်လေးကိုတောင် မနာလိုတတ်သူမို့
အချစ်တွေဟာ ကြည့်တတ်သူပဲ မြင်ပါလိမ့်မည်။

"ကျွန်တော့ဘဝရဲ့ အရေးကြီးဆုံး လူဖြစ်နေလို့ပါ"

Yoongi စကားကို အသိအမှတ်ပြုတဲ့အနေနဲ့
ဒေါက်တာက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး.....

"စိတ်ချပါ။
လူနာက ပင်ပန်းထားတာကြောင့်ရော....
ဒဏ်ရာရဲ့ အရှိန်ကြောင့်ရော ....
အင်အားနည်းနေတဲ့အတွက် ခဏတာ
သတိမေ့သွားတာပါ။
မကြာခင် သတိရလာမှာမို့ အရမ်းကြီး မစိုးရိမ်ပါနဲ့
တစ်ခုခုဆို ဒေါက်တာတို့ကို ခေါ်လိုက်ပါ..."

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ "

"ရပါတယ်။ ခုတော့ လူနာသတိရလာတဲ့ အချိန်ထိ
ဆေးရုံမှာပဲ နေပေးပါ "

"ဟုတ်ကဲ့ ဒေါက်တာ "

"ဒါဆို ဒေါက်တာ့ကို ခွင့်ပြုပါအုံး".

"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ ဆရာ"

ဒေါက်တာထွက်သွားပြီးနောက်...
ဆေးရုံကုတင်ပေါ်မှ ချစ်ရသူဟာ
အဖြူရောင်နွမ်းဖက်ဖက် အဝတ်အစားလေးနဲ့
အိပ်စက်အနားယူနေတာကို မြင်ရတော့လည်း
စိတ်မကောင်း....

💛Love Story💛 [Completed]Where stories live. Discover now