အပိုင်း(၂)

1.5K 167 15
                                    

မူလတန်း ကျောင်းသား အရွယ်

ကျောင်းသွားရန် ကားမောင်းလာတဲ့
တစ်လျှောက်လုံး ကားပေါ်မှ
ရယ်သံသေးသေးလေးတွေက မနက်ခင်းရဲ့
အလှကို ပိုပြည့်စုံစေသည်။
Minieလေးလည်း ၅နှစ်ပြည့်နေပြီမို့ မူကြိုထားရန် ကျောင်းအပ်ခဲ့ပြီးပြီ။
ပညာဆိုတာ ငယ်ရွယ်စဥ်ထဲက သေချာသင်ယူထားတာ အကောင်းဆုံးပဲ....
Minieလေးကို Yoongi တို့တက်တဲ့ကျောင်းမှာပဲ အဖော်ရအောင် အပ်ခဲ့တယ်။
ခုလည်း ကျောင်းသွားရန် Yoongi အဖေဖြစ်သူက ကားဖြင့် လိုက်ပို့ပေးနေခြင်း.....

ဆော့ဂျင် ဆိုတာ ငယ်ငယ်လေးထဲက Yoongi နဲ့ လာဆော့တက်တဲ့ အိမ်နီးချင်း သူငယ်ချင်းကောင်းလေးပင်။
ကျောင်းတက်တော့လည်း Yoongi အဖော်ရအောင် တစ်နှစ်အောက်ခဲ့သေးတယ်......
Yoongi လေး ဆိုးတိုင်းလည်း အကိုပီပီ အမြဲ သည်းခံခဲ့သလို
ဆော့ဂျင်ကလည်း တခါတလေ Yoongi အပေါ် စိတ်ကောက်တက်သေးသည်။

Yoongi ရဲ့ မိဘတွေကလည်း ဆော့ဂျင် အပေါ် သားအရင်းလိုပဲ ဆက်ဆံသည်။
ကျောင်းသွားရင်လည်း Yoongi နဲ့အတူ ဆော့ဂျင်ကိုပါ တခါတည်း အပို့အကြို လုပ်ပေးတယ် ။

ဒီနေ့ကတော့ ထူးထူးခြားခြား Minie လေးပါ ပါလာတဲ့ အတွက် ကားပေါ်မှာ ကလေးပီပီသုံးယောက်သား ဆော့နေကြသေးသည်။
ဆော့ဂျင်က ဟာသတွေ လုပ်ပြတော့ Minie နဲ့ Yoongi လည်း တခစ်ခစ် ရယ်နေလိုက်ကြတာ... မျက်လုံးလေးများပင် မပွင့်တော့။
ထိုသို့ ကျောင်းသွားပို့သည့် လမ်းလေးဟာလဲ ကလေးငယ်များရဲ့ ရယ်သံနဲ့အတူ
နံနက်ခင်းဟာလည်း အရင်နေ့တွေထက် အသက်ဝင်လျက်......

ကျောင်းရှေ့ရောက်တော့ ကားပေါ်မှ အပြေးဆင်းပြီး လက်ချင်းတွဲကာ ကျောင်းထဲ ဝင်သွားကြသည်။

အတန်းရှေ့ရောက်တော့ ဆော့ဂျင်သာ အခန်းထဲ ဝင်လာပြီး Yoongi က ပါမလာ
ဆရာမ ဖြစ်သူက ဆော့ဂျင်ကို မေးလိုက်တော့လည်း "Yoongi ခဏနေ လာမှာပါ ဆရာမ " ဆိုပြီး ပြောတယ်
စာသင်မယ့် အချိန်ထိ Yoongi က ရောက်မလာသေးတဲ့အတွက် ဆရာမလည်း စိတ်ပူပြီး အတန်းပြင် ထွက်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်း

Yoongi က လက်ကလေးပိုက်ပြီး မတ်တပ်ရပ်နေတယ်
Yoongi ရဲ့ နောက်က ကလေးငယ်ဟာလည်း မျက်ရည်စလေးများဖြင့် လက်ကလေးပိုက်ပြီး မတ်တပ်ရပ်နေတယ်
"Yoongi, ဆရာမတို့ စာသင်ရတော့မယ်လေ လာ"

💛Love Story💛 [Completed]Where stories live. Discover now