အပိုင်း(၁၃)

959 99 13
                                    

အလုပ်စားပွဲပေါ် အမှုဖိုင်တွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့
နန်းဂျွန်းထံ ဟိုဆော့ ရောက်ရှိလာပြီး

"နန်းဂျွန်းရေ သတင်းကောင်းပါတယ်ဟေ့"

"ပြောပါအုံး ဘာသတင်းကောင်းလဲ"

"ဆိုလ်းက နမည်ကြီး Bar တွေမှာ မူးယစ်ဆေးဝါး
ဖြန့်ချီရောင်းချနေတဲ့ သူတွေ ရှိတယ်လို့
သတင်းအတိအကျ ရထားတယ်"

ဟိုဆော့ စကားကြောင့် နန်းဂျွန်းမျက်နှာ ချက်ချင်းပင် ဝင်းလက်သွားတယ်။

"တကယ်ပြောတာလား"

"တကယ်ပေါ့ဟ"

"ဝမ်းသာလိုက်တာဟာ။
ဒါဆို အချိန်ဆွဲမနေပဲ ဒီည Barတွေ အကုန်လုံးကို
ဝင်စစ်ဆေးကြမယ်"

"အေး ကောင်းတယ် မြန်လေကောင်းလေပဲ"

"ဟိုဆော့ မင်းက ဒီညအတွက် ပြင်ဆင်စရာ ရှိတာ
ပြင်ဆင်ထားလိုက်"

"ဟုတ်ပြီ
Fighting သူငယ်ချင်း "

လက်သီလေးဆုပ်ပြီး အားပေးသွားတဲ့ ဟိုဆော့ကို
ပါးချိုင့်တွေနစ်ထွက်သွားတဲ့အထိ ပြန်ပြုံးပြခဲ့လိုက်တယ်။

နောက်ဆုံးတော့ အချိန်အကြာကြီး ကြိုးစားခဲ့ရတာတွေ
အရာထင်ခဲ့ပါပြီ.....
မူးယစ်ဆေးသုံးစွဲတဲ့သူတွေကိုပဲ ဖမ်းမိထားတာ
ခုချိန်ထိ ဆေးဝါးဖြန်ချီနေတဲ့ သူတွေကို လက်ပူးလက်ကြပ် မမိသေးတာကြောင့်
စိတ်ညစ်ခဲ့ရသမျှကို ဟိုဆော့က
ပြန်အဖက်ဆည်ပေးလိုက်ခြင်း....

ဒီနေ့ အရမ်းလည်း ပျော်သလို
စိတ်တွေလည်း ကြည်လင်နေတာကြောင့်
ဖုန်းScreen ပေါ်မှ Contact လေးတစ်ခုကို နှိပ်လိုက်ပြီး
ချစ်ရသူဆီသို့ ဆက်လိုက်တယ်....
လေလှိုင်းမှတစ်ဆင့် "Hello" ဆိုတဲ့ အသံလေးကြား
တာနဲ့ စိတ်ကြည်နေတာကြောင့် ဟျောင်း အပေါ်
ထားတဲ့ ခံစားချက်တွေကို ထုတ်​ပြောဖို့
အားတွေရှိလာခဲ့ပြီ.....

" ဟျောင်း ဒီနေ့အားလား"

*......*

"ကျွန်တော် ခဏနေ လာခေါ်မယ်နော်
အဆင်သင့်ဖြစ်အောင် လုပ်ထား"

*......*

"အဲ့ဆို ဖုန်းချလိုက်တော့မယ်"

ဖုန်းလိုင်းလေး ပြတ်တောက်သွားပြီနောက်...
မျက်နှာလှလှထက်မှာ အပြုံးပန်းတွေကို
ပွင့်လန်းစေလိုက်တယ်...
နောက်ရက်ပေါင်းများစွာကိုတော့
ချစ်ရသူနဲ့ပဲ ကျော်ဖြတ်ချင်တယ်
ဘယ်လိုအခက်အခဲပဲ ရှိခဲ့ပါစေ။

💛Love Story💛 [Completed]Wo Geschichten leben. Entdecke jetzt