အပိုင်း(၈)

921 97 9
                                    

နယ်မှပြန်ရောက်တော့ အချိန်အားဖြင့် ၉နာရီ ကျော်ပဲ ရှိသေးတာမို့ အလုပ်သွားရန် ဆုံးဖြတ်လိုက်သည်။
အလုပ်ကသွားမှပဲ ဖြစ်တော့မယ်လေ...
ဒီနေ့မသွားရင် ၃ရက်ရှိပြီ ။
ဖေဖေ့ဆီက ကုမ္ပဏီ ကို လွှဲပြောင်းယူခဲ့လို့ CEOပဲ ဖြစ်နေပြီ ခုချိန်ထိ ဖေဖေကလည်း တစ်ခုခုဆို
သူအရင်ဦးဆောင်လိုက်ရမှ....
တကယ်ဆို ဖေဖေလည်း အလုပ်နားသင့်တဲ့ အရွယ်ရောက်နေပြီ။ဖေဖေ့ကို မပင်ပန်းစေချင်တော့ဘူး....ကျွန်တော်ကိုယ်တိုင်လည်း အလုပ်ကြိုးစားပြီး ဖေဖေတို့ မေမေတို့ကို ကျေးဇူးပြန်ဆပ်ရအုံးမည်....
ပြီးတော့ ဒီနှစ် အရမ်းကို အရေးကြီးတဲ့ ပရောဂျက်ရှိတာကြောင့် အလုပ်မှာ ပိုအာရုံစိုက်ရမည်။

မေမေကတော့ ဒီနေ့အလုပ်မသွားပဲ နားဖို့ပြောတယ်...
ဒါပေမယ့် ပရောဂျက် အသစ်အတွက်
ဖေဖေနဲ့လည်း တိုင်ပင်ချင်တာမို့ အဝတ်အစားကို မြန်မြန် ဆန်ဆန်ပင်လဲပြီး ကုမ္ပဏီ သို့လာခဲ့တယ်....

ကုမ္ပဏီ ရောက်တော့ ၁၀နါရီပင် ထိုးနေပြီ...
ဖေဖေကတော့ ရုံးခန်းထဲက ကျွန်တော့်နေရာမှာ ထိုင်ပြီး မျက်မှန်တပ်ကာ စာရွက်စာတမ်းတွေ အာရုံစိုက်နဲ့ အလုပ်ရှုပ်နေသည်....
မကြည့်ရက်ပါ..... ကျွန်တော်လည်း အရွယ်ရောက်နေပြီမို့ ဖေဖေတို့ကို အနားပေးပြီး ကျွန်တော်ပဲ စောင့်ရှောက်ချင်တယ်.....
ကျွန်တော်ဝင်လာတာကို ဖေဖေမြင်တော့.......

"သားငယ် ဘယ်အချိန်က ပြန်ရောက်လာတာလဲ"

"မနက်၉ နာရီ လောက်က ပြန်ရောက်တာပါ ဖေဖေ"

" ဒါနဲ့များ သားငယ်ရယ်....
ပင်ပန်းနေမှာပေါ့ ဘာလို့ ကုမ္ပဏီ ကိုလိုက်လာတာလဲ"

"ဖေဖေက ပိုပင်ပန်းမှာပေါ့....
သားမရှိတဲ့နေ့တွေမှာလည်း ဖေဖေတစ်ယောက်တည်း ကုမ္ပဏီ က အလုပ်တွေ လုပ်နေရတာလေ"

သားဖြစ်သူရဲ့ စိတ်ပူစကားကြောင့်
Mr. Minသဘောကျစွာ ရယ်လိုက်ပြီး....

"ဟားဟား သားငယ်ရယ် ဖေဖေက ဟိုးအရင်ထဲက ဒီအလုပ်တွေ လုပ်လာတာပါနော်...
ဖေဖေ့အတွက်တော့ ကုမ္ပဏီ အလုပ်ဆိုတာ ထမင်းစား ရေသောက်လောက်ပါပဲ သားငယ်ရဲ့ "

"ဒါပေမယ့် ဖေဖေရယ် သားကတော့ ဖေဖေ့ကို ကူညီချင်နေပြီလေ....
သားတစ်ယောက်လုံး ရှိနေတာပဲ ဖေဖေ နားပါတော့....
ဖေဖေပင်ပန်းတာကို သားမကြည့်ရက်တော့ဘူးလေ"

💛Love Story💛 [Completed]Where stories live. Discover now