အပိုင်း(၅)

1.1K 129 3
                                    

အထက်တန်း စာမေးပွဲ နောက်ဆုံးနေ့

ဘဝကိုအဆုံးအဖြတ်ပေးမယ့် အတန်းတင်စာမေးပွဲရဲ့ နောက်ဆုံး နေ့ကတော့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပင်.....
ရှေ့မှာဖြေဆိုခဲ့တဲ့ ဘာသာတွေလည်း ပိုင်ပိုင်နိုင်နိုင်ရှိတာမို့ နောက်ဆုံးဘာသာလေးကိုလည်း အခက်အခဲမရှိစေချင်.....
ဒီတစ်ဘာသာပြီးရင် ကွင်းလုံးကျွတ်ပြီမို့ ပတ်ခ်ဂျီမင်း ရေ အားသာတင်းထားတော့ဟေ့....

နောက်ဆုံး ဘာသာက ကျွန်တော် အပိုင်နိုင်ဆုံး ဘာသာမို့ ယုံကြည်ချက်တော့ ရှိတယ်ဗျ။
ဆရာမချပေးလိုက်တဲ့ မေးခွန်းကို တစ်ချက်ကြည့်ရုံနဲ့တင် အကုန်လုံးက ကျွန်တော်အလွတ်ချရေးကျက်ခဲ့တဲ့ စာတွေနဲ့ တန်းတိုးသည်မို့...
ဒီဘာသာတော့ ဂုဏ်ထူးထွက်မှာ အမှန်ပင်...
ရှေ့ကဘာသာတွေတော့ မမှန်းရဲပါဘူးဗျာ ကိုယ့်အကြောင်း ကိုယ်သိလို့ပေါ့.....
သိပ်တောင်မကြာလိုက်ပါဘူး ကျွန်တော် ဖြေလို့ပြီးသွားခဲ့ပြီ....၃နာရီ မေးခွန်းကို ၁နာရီ ခွဲနဲ့ ဖြေလိုက်တဲ့ ကျွန်တော့ကိုကျွန်တော် အထင်မကြီးပါဘူး...
ဘာလို့ဆို ကျောင်းသားတိုင်းလည်း ကျွန်တော့်နည်းတူ ပြီးသွားကြလို့ပင်...

စောင့်နေရတဲ့ ၁နာရီခွဲမှာ စိတ်တွေကလည်း အရမ်းလှုပ်ရှား...
နောက်ဆုံး စာမေးပွဲ ဖြစ်သည်မို့ လှောင်အိမ်ထဲမှ လွတ်သွားတဲ့ ငှက်ကလေးပမာ ကျွန်တော်လည်း လွတ်လပ်ပေတော့မည်.....

ကိုကိုအောင်စာရင်းထွက်တဲ့နေ့တုန်းကဆို ကျွန်တော်က ကိုကို့ထက် ပိုစိတ်လှုပ်ရှားနေတာ...
ဆော့ဂျင်ဟျောင်းကတော့ သိတဲ့အတိုင်း အိပ်ရေးပျက်မခံ ညသန်းခေါင်ထွက်တဲ့ အောင်စာရင်းကိုတောင် မကြည့်အိပ်နေလိုက်တာများ ကာလနဂါး အဖေ ခေါ်ရလောက်တယ်.....
ကိုကိုက အရမ်းတော်တာ..
တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာနဲ့ နှစ်ချင်းပေါက်အောင်ခဲ့တာလေ....
ဆော့ဂျင်ဟျောင်းကတော့ ရိုးရိုးပဲအောင်တာကိုတောင် ကျေးဇူးတင်ရမလို သူ့အကြောင်းတော့ မပြောချင်တော့ပါဘူးဗျာ.....

ကျွန်တော်ရော ကိုကို့လို ဂုဏ်ထူးပါပါ့မလား???
ဒါပေမယ့် ဒီဘာသာကိုတော့ ဗေဒင်တွက်ရင်တောင် ဆန်ကုန်တယ်ဗျာ....
ကျွန်တော်လည်း ကိုကို့လို ဂုဏ်ထူးထွက်မှာ သေချာ၏........

💛Love Story💛 [Completed]Where stories live. Discover now