အပိုင်း(၂၂)

918 103 9
                                    

"မေမေ..သားနဲ့ Jiminie ချစ်သူတွေ ဖြစ်နေကြပြီ "

"ဘာ!!!!"

ကြားလိုက်ရတဲ့ သူမနားကိုပင် မယုံနိုင်...
ခု သူ့ရှေ့မှာ ကြီးပြင်းလာကြပြီး
သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့
ပန်းလေးနှစ်ပွင့်....
သူကိုယ်တိုင် ချစ်မြတ်နိုးရတဲ့
သားငယ်နဲ့ Mineက ချစ်သူတွေတဲ့လား....
မဟုတ်ဘူးလို့ ပြောပေးကြပါလား....

နားနှစ်ဖက်ကို လက်နဲ့ပိတ်လိုက်ပြီး....

"မဟုတ်ဘူး... မဟုတ်ဘူး....
သားငယ် စနေတာလား...
ဒါနောက်စရာ မဟုတ်ဘူးနော်"

"မေမေ သားနောက်နေတာ မဟုတ်ဘူး...
ပြီးတော့ သားနဲ့Jimine အဆင့်တွေကျော်ပြီးပြီ"

ခေါင်းလေးငုံ့ပြီး ဖွင့်ဟဝန်ခံလာတဲ့
သားဖြစ်သူကြောင့် နားနှစ်ဖက်ကို
လက်နဲ့အတင်းပိတ်လိုက်ပြီး...

"မဟုတ်ဘူး... မဟုတ်ဘူး... "

အဆင့်တွေတောင် ကျော်ကုန်ပြီတဲ့လား
သားငယ်ရယ်။ မေမေ့ရင်ကို
အစိမ်းလိုက် ခွဲလိုက်သလိုပင်။
မျက်ရည်စတွေလည်း ပါးနှစ်ဖက်ပေါ်
အပြေးအလွှား ကျီစယ်ကာ
အဆက်မပြတ် ကျဆင်းလာပြီ။
အခု သူမဘဝဟာ
ကြိုးပြတ်သွားတဲ့ စွန်ပမာ။

" ယောကျာ်း သားငယ်ကို ဝိုင်းပြောပါအုံး"

သူမဟာ အားကိုးတကြီး ​
ယောကျာ်းဖြစ်သူထံ ကြည့်ပြီး
အကူအညီတောင်းလိုက်ပေမယ့်....

"ကိုယ်သိပြီးသားပါ။
Minieနဲ့ သားငယ် မေတ္တာမျှနေတာကို
အစထဲက သိပြီးသား"

ဒီတခါ အံ့ဩသွားတာက
သူမတစ်ယောက်တည်းမဟုတ်တော့။
Yoongi ရော Jimin ပါ အံ့ဩသွားတယ်။

"ဖေဖေက ဘယ်လိုလုပ်...."

တအံ့တဩနဲ့ Yoongi မေးလိုက်တော့....

"ဖေဖေတို့သားတို့က ယောကျာ်းလေးအချင်းချင်း
ဆိုတော့ အစထဲက ရိပ်မိပါတယ်။
Mine အပေါ် သားငယ်ရဲ့ ဂရုစိုက်မှုတွေ
အကြည့်တွေ၊ မေတ္တာတွေ ကိုကြည့်တတ်တဲ့ဖေဖေက
မြင်ပါတယ်။"

"ဒါဆို ဖေဖေ့သဘောက..."

"ဖေဖေကတော့ သားငယ်ရဲ့ဆန္ဒအတိုင်းပဲ
လူငယ်တွေရဲ့ အချစ်ကိစ္စမှာ ဖေဖေဝင်မပါချင်ဘူး
သားတို့ ဆန္ဒကို လိုက်လျောပေးတာမို့
သားတို့မေမေပဲ...."

💛Love Story💛 [Completed]Where stories live. Discover now