အပိုင်း(၂၁)

980 100 7
                                    

ဆေးရုံက ပြန်လာတာနဲ့ အိမ်ရှေ့မှာ
ထွက်စောင့်နေတဲ့ မေမေကြောင့်
ဝမ်းသာမှုတွေဟာ အဆုံးအစမရှိ...
ကျွန်တော့်လို မွေးစားသားကို
ထိုမျှအထိ ချစ်ရလားဗျာ....

ကားပေါ်က အလျင်အမြန် ဆင်းလိုက်ပြီး
မေမေ့ကို အတင်းအကျပ် ပွေ့ဖက်ထားလိုက်တယ်

"Aigoo မေမေ့ရဲ့ Minie လေးတောင် ပိန်သွားပါလား"

"ဟီးဟီး မေမေကလည်း.နှစ်ရက်လောက်ပဲ
နေမကောင်းဖြစ်သွားတာပါ"

"ဘာပဲဖြစ်ဖြစ်လေ မေမေ့Minieလေးကို
အထိအခိုက်မခံစေချင်ပါဘူး"

"အဲ့ကြောင့် မေမေ့ကိုချစ်တာ"

မေမေ့ပါးလေးကို နစ်နေအောင် နမ်းလိုက်ပြီး

"မေမေ ဒီနေ့ Minieတို့ မုန့်လုပ်စားကြမယ်လေ"

"ဒါပေါ့ မေမေကကြိုပြီးတောင် ပြင်ဆင်ထားသေးတယ်"

"ဟုတ်လား အဲ့ဆို မေမေ့ကို Minie ဝိုင်းကူပေးမယ်လေ"

"ကောင်းပြီ သွားကြမယ် "

"သွားကြမယ် "

အတိုင်အဖောက် ညီနေတဲ့ သားအမိနှစ်ယောက်က
ကျွန်တော့်ကိုတောင် မေ့နေကြတယ်။
မေမေက Jimine ကို ကျွန်တော့်ထက်တောင်
ပိုဂရုစိုက်သေးတာ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်ရသူတွေ
ပျော်ရွှင်နေရင် ပြီးတာပဲ။
ကျန်တာဘာမှမလိုဘူး။
လိုအပ်တာက ချစ်ခြင်း၊မေတ္တာ၊နွေးထွေးမှု...

Jimineရဲ့ ချစ်ခြင်း....
မေမေ့ရဲ့ မေတ္တာ....
ဖေဖေ့ရဲ့ နွေးထွေးမှု.....

ကျွန်တော့်မှာ အားလုံးပြည့်စုံနေပြီမို့
ဘာမှ မလိုအပ်တော့ပါဘူး.....

                   **When I saw you**

"မေမေ ခေါက်ဆွဲပြုတ်လေးလည်း
စားချင်တယ်"

"မေမေ တော့ပိုကီကို စပ်စပ်လေးလုပ်နော်"

"မေမေ မေမေ့လက်ရာပဲခေါက်ဆွဲပဲ စားချင်တာ"

"မေမေ ဂင်ချီလေးလည်း လုပ်ကျွေးအုံးနော်"

"မေမေ သုံးထပ်သားလည်း စားကြမယ်လေ"

"ကမ္ဘာပေါ်မှာ မေမေ့လက်ရာ အကောင်းဆုံးပဲ"

မေမေ့ဘေးမှာ လက်မလေးထောင်ပြီး
တစ်ခုပြီးတစ်ခု လုပ်ကျွေးခိုင်းနေတဲ့
Jimine ဟာ
"ပြောတော့ သူပဲဝိုင်းကူမယ်ဆိုပြီး
မေမေ့ကို တစ်ခုပြီးတစ်ခု ခိုင်းနေတာ"
ဖီးဖိုချောင်ထဲမှာလည်း Jimine အသံဟာ
ဆာဆာ ဆာဆာနဲ့ အူယားစရာလေး...

💛Love Story💛 [Completed]Where stories live. Discover now