His Secretary 23

1.1K 92 9
                                    

တစ်ခါတစ်လေကျရင် နာကျင်ရမယ်ဆိုတာသိတဲ့ အရာတွေကို ကျွန်တော်တို့ဟာ လွှတ်ချဖို့ ခဲယဥ်းကြပြန်တယ်။
ဘယ်အချိန်မှာ လွှတ်ချမိလဲဆိုတော့ နာကျင်မှု နဲ့အသားကျတဲ့အခါ....
ဒီနာကျင်မှုကို ထပ်ခါတလဲလဲ ခံစားရတဲ့အခါ ကျွန်တော်တို့ လွှတ်ချလိုက်မိတယ်
လွှတ်ချလိုက်တာနဲ့ တပြိုက်နက်ထဲ ခံစားချက်မဲ့ သွားပြန်တယ်။
ဒီလိုအခြေအနေက ဖြစ်နိုင်ပါ့မလားဆိုပေမဲ့ လက်တွေ့ခံစားဖူးမှပဲသိမှာပါ
ကျွန်တော့်အဲ့ဒီအခြေအနေ မရောက်သေးပါဘူး။ နာကျင်ပေမဲ့လဲ ကျွန်တော်မျှော်လင့်ချက် ထားမိနေသေးတယ်။
ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာ သူငယ်ချင်းတွေရဲ့ Missed call တွေ Message တွေ ရာချီနေပေမဲ့ မျှော်လင့်ထားတဲ့ သူစီက စာတိုလေးတစ်စောင်တောင်ရှိမနေခဲ့ဘူး။
အဲ့ဒီအချိန်မှာပဲ

Unknow number

Hello Jeon Wonwoo  ရဲ့ ဖုန်းလား မသိဘူး။ ညီမ Hanna ပါ ။ Mingyu oppa နဲ့ US မှာကျောင်းအတူတူတတ်ပြီး ညီမလိုဖြစ်နေတာပါ။ Wonwoo sii နဲ့ စကားနည်းနည်းပြောချင်လို့ အချိန်ရမလား မသိဘူးရှင့်

Hanna ဆိုတဲ့ တစ်ယောက်ကို တစ်စွန်းတစ်စကြားဖူးပေမဲ့ သေချာတော့မသိခဲ့ပေ
အဖြေတစ်ခု ထွက်လာလို ထွက်လာငြား ကျွန်တော် သူမနဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တယ်

To Unknow number
ဟုတ်ကဲ့ ရပါတယ် Gree heart Coffee shop မှာ မနက်ဖန် ညနေ ၅ နာရီ တွေ့ပါမယ်

သူမစီက ကျေးဇူးတင်ကြောင်း message ရအပြီ ကျွန်တော် စာဆက်မပြန်ဖြစ်တော့ဘူး။
ဘာတွေလုပ်နေမိလဲ ဘာကိုမျှော်လင့်နေမိလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲသေချာမသိတော့ပါဘူး။
စာလေးတစ်စောင် ဖြေရှင်းချက်လေးတစ်ခုတောင် မပေးတဲ့ Mingyu ကို ကျွန်တော် စိတ်နာချင်ပေမဲ့ ဒီလူကို ကျွန်တော် စိတ်မနာနိုင်လောက်အောင်ချစ်မိနေပြီပဲ
အဟက် မင်းရူးနေပြီပဲ Jeon Wonwoo
အတွေးပေါင်းများစွာ နဲ့ အိပ်မရတဲ့ ညတစ်ည ကိုဖြတ်သန်းရဦးမှာပဲ စားချင်စိတ်လဲ မရှိသလို ဘာကိုမှ ကျွန်တော်မတွေးချင်တော့ဘူး
လစ်ဟာနေတဲ့ သူ့ရဲ့ အနမ်းတချို့ ထွေးပွေ့ထားတဲ့ ယုယမှုတွေ ကျွန်တော် ဘယ်မှာ မှရှာမတွေ့နိင်တဲ့ ချိုမြိန်တဲ့ အပြုံးတွေ
Kim Mingyu မင်းကငါ့ကိုရူးအောင်လုပ်နိုင်တာပဲ
............................................

His Secretary [ ZG & Uni ]Where stories live. Discover now