His Secretary Ep25

1.1K 87 3
                                    

ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့ပါ "

တံခါးခေါက်သံကြားလို့ စိတ်ညစ်နေတာအတော်ပဲဖြစ်သွားတဲ့ Mingyuတစ်ယောက် ဝင်လာတဲ့ သူကိုမြင်တော့ လန့်သွားမိတယ်။

"CEO Coffee ရပါပြီ။ ဧည့်သည်ရှိနေတာ မသိတော့ တစ်ခွက်ပဲဖျော်လာမိတယ် sorry ပါ "

"ရှင်က အတွင်းရေးမှူးလား လာတာနောက်ကျလိုက်တာ ကိုကို ဘယ်လိုလူတွေကိုအလုပ်ခန့်ထားတာလဲ ? "

စိတ်ဆိုးတာက စိတ်ဆိုးနေပေမဲ့ Wonwoo ကိုအခုလိုပြောတာတော့ သူလုံးဝမကြိုက်ပါဘူး။

"Secretary Jeon က အတော်ဆုံး အတွင်းရေးမှူးပါ Yoonhey မင်းနဲ့မဆိုင်ဘူးထင်တယ် "

အံ့သြသွားတဲ့ ထိုလူသားက မျက်နှာကပြုံးယောင်သမ်းနေတယ်။ Yoonhey နဲ့တွဲတွေ့တာတောင်သူက စိတ်မတိုဘူးလား။ မတွေ့ရတဲ့ရက်တွေမှာ ကျွန်တော့်ရဲ့ကြောင်ပေါက်စလေး မျက်နှာလေး ကပိန်သွားလိုက်တာ ။ လွမ်းလွန်းလို့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ချင်ပေမဲ့ စိတ်ဆိုးနေတုန်းပဲလေ။

"CEO ခနနေ meeting ရှိပါတယ်။ Recording ပြီးပြီဆိုတော့ သီချင်းကိုပြန်နားထောင်ရပါမယ်။ Trainee တွေ က Debut သီချင်းအတွက် အကတိုက်တာလဲ 95 % လောက် ပြီးနေပါပြီ "

"ကောင်းပြီ Secretary Jeon ။ ခနနေရင် Production deperment နဲ့ stylish ကို meeting room ထဲမှာ အဆင်သင့် ဖြစ်အောင်လုပ်ထားပါ"

"ဟုတ်ကဲ့ပါ CEO Debut Shwo case အတွက်လဲ Mnet နဲ့ စကားပြောဖို့ ရှိပါတယ် "

ခပ်တည်တည်နဲ့ အလုပ်အကြောင်းပဲပြောနေတာက သူတို့ဘာမှမဖြစ်ခဲ့သလိုပဲ။ Yoonhey ကလဲ သူ့ကိုအဖက်မလုပ်ပဲ အလုပ်အကြောင်းပဲပြောနေလို့ အတော်ဒေါပွနေပုံပဲ။

"ကိုကိုက ဒါဆို မအားဘူးပေါ့ Yoonhey က shopping အတူတူသွားချင်တာပါဆို "

ချွဲပစ်နေတဲ့အသံနဲ့ချစ်စဖွယ်လာလုပ်ပြနေပေမဲ့ မျက်စိထဲမှာတော့ Wonwoo နှာချေတဲ့ အသံလောက်တောင်နားထောင်မကောင်းဘူး။

"ဟပ်ချိုး "

ရုတ်တရက်နှာထချေတဲ့ Wonwoo အသံကြောင့် ခုနက အတွေးကိုနည်းနည်းလျော့လိုက်တယ်။ သူနှာချေတာလဲနားထောင်မကောင်းပါဘူး။ အအေးမိနေတာလား နည်းနည်းလောက်ဂရုမစိုက်မိတာနဲ့ဖြစ်ချင်တိုင်းဖြစ်နေတော့ပဲ။ မဟုတ်သေးပါဘူး စိတ်ဆိုးရဦးမှာပဲ

His Secretary [ ZG & Uni ]Where stories live. Discover now