His Secretary 22

1K 97 2
                                    

ဘယ်လိုဘယ်ပုံစံနဲ့ အိမ်ကိုပြန်ရောက်လာလဲဆိုတာ မသိတော့ဘူး။
ထို အမျိုးသမီး ပြောတဲ့စကား ဒါမှမဟုတ် တခြားသူပြောတာဆိုရင် ကျွန်တော်ယုံချင်မှယုံမိလိမ့်မယ်။
Mingyu ရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ဘာမှထပ်မေးဖို့မလိုတော့ပါဘူး။ သူသာ မညာခဲ့ရင် မျက်နှာပျက်ဖို့မလိုသလို ချက်ချင်းရှင်းပြမှာပဲလေ ။
ပျော့ညံ့တဲ့ လူတစ်ယောက်မဟုတ်ပေမဲ့ ကျွန်တော်လဲ နာကျင်မှုကိုခံစားတတ်တယ်။
ခင်ဗျားတို့ ခံစားဖူးလား အတူတူအဆုံးလက်တွဲထိလျှောက်မဲ့ လမ်းတစ်ခုမှာလက်ကို ဖြုတ်ချခံရရင် ဘဝတစ်ခုလုံးမှောင်မိုက်သွားသလိုပဲ……
ဆယ်ကျော်သက်အရွယ်မဟုတ်တဲ့ ကျွန်တော်က သူ့ကို တစ်ဘဝလုံးစာအဖြစ်ရည်ရွယ်ထားခဲ့တာ…
ကျွန်တော် မသိလိုက်ခင်မှာပဲ ကျွန်တော်က သူ့ဆီမှာ ရူးရူးမူးမူးနစ်ဝင်သွားပြီ…
ကျွန်တော့်ကိုယ်ကျွန်တော်ခနလောက်တော့ ရှောင်ပြေးခွင့်ပေးသင့်တယ်မဟုတ်လား…

နောက်တစ်နေ့ မနက်………

ရုံးဖွင့်ရက် ဖြစ်ပေမဲ့ ကျွန်တော့်မှာ ရုံးကိုသွားဖို့အားအင်မရှိဘူး ။ မအိပ်နိုင်ခဲ့သလို အစားအသောက်ဆိုတာတောင်တို့ထိချင်စိတ်မရှိခဲ့ဘူး… လူတွေပြောတဲ့အသည်းကွဲတယ်ဆိုတာဒါလား…

"အဟက်… "

ခြောက်ကပ်ကပ်နဲ့ ရယ်သံက ကျွန်တော်မဟုတ်သလိုပဲ။ ဖုန်းကိုမနေ့ညကတည်းက ပိတ်ထားခဲ့တာ အခုထိ ပြန်ဖွင့်ဖို့အစီအစဉ်မရှိဘူး…
ကျွန်တော်ဘာဖြစ်ချင်နေလဲ ကျွန်တော်မသိဘူး. သူ ကျွန်တော့်ဆီကိုလာပြီး ဒါတွေက အထင်လွဲနေတာပါ ။ တစ်ခုမှမဟုတ်ပါဘူး ကိုယ်မညာခဲ့ဘူးလို့ လာရှင်းပြစေချင်သလို ဒါဟာ အမှန်ပါလို့ သူ့ပါးစပ်ကနေ ဝန်ခံလာမှာကိုလည်း ကြောက်မိနေတယ်။
တံခါးခေါက်သံ ကိုမျှော်လင့်နေမိသလို တံခါးခေါက်သံနဲ့အတူတူရောက်လာပြီး လမ်းခွဲဖို့ပြောမှာကိုလဲကြောက်နေမိတယ်။
စိုးရိမ်စိတ်……
နာကျင်ရမဲ့အရာတစ်ခုကို သိနေရဲ့နဲ့ တရားဝင်ထုတ်ပြောမှာကိုကြောက်နေတဲ့ မသိစိတ်ကခံစားမှု

"အဟက် … မင်းရူးသွားပြီပဲ Jeon Wonwoo "

တစ်ယောက်ထဲရေရွတ်မိနေရင်း ကုတင်ကြမ်းပြင်ဘေးမှာ အားလျော့စွာ ပဲထိုင်ချမိလိုက်တယ်။
တိတ်ဆိတ်ခြင်း ကြီးစိုးနေတဲ့ ဒီအခန်းထဲမှာ နာရီလက်သံ တချက်ချက် ကသာ ပုံမှန်ထွက်ပေါ်နေတယ် ။
အချိန်တွေရွေ့လျားနေပေမဲ့ ကျွန်တော် မလှုပ်ရှားမိဘူး… ဘယ်နှနာရီဘယ်အချိန် ဘာမှမသိတော့ဘူး။ ပြတင်းပေါက် မှန်ကနေတဆင့် တိုးဝင်လာတဲ့ နေရောင်ကို ကျွန်တော် အကြောင်းမဲ့ ငေးစိုက်ကြည့်နေမိတယ်…
လမ်းပျောက်သွားတဲ့ လူတစ်ယောက်အတွက် လမ်းတစ်ခုကိုရှာဖို့ မလွယ်ကူဘူး……

His Secretary [ ZG & Uni ]Where stories live. Discover now