His Secretary 13

1.5K 109 6
                                    

နေရောင်ခြည် ဖျာကျနေတဲ့ အခန်းလေးထဲမှာ ကောင်လေးနှစ်ယောက်တင်းကြပ်စွာ ဖက်ပြီး အိပ်စက်နေတယ်။
Mingyu နိုးလာတော့ ရင်ခွင်ထဲကို တစ်စုံတစ်ယောက် တိုးဝှေ့နေသလို ခံစားရလို့ ကြည့်လိုက်တော့ ရင်ခွင်ထဲကကြောင်ပေါက်စလေး
ပိုတိုးပြီး ဖက်ထားမိလိုက်တယ် ဒီကြောင်ပေါက်လေး ပျောက်သွား မှာတောင်ကြောက်မိတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ မျက်နှာလေးက ငြိမ်းချမ်းနေလိုက်တာ …
ရယ်လိုက်တိုင်း ရှုံ့သွားတတ်တဲ့ နှာခေါင်းလေး ကိုဖွဖွလေး နမ်းလိုက်မိတယ်။
နှုတ်ခမ်းလေးတွေက ချစ်ဖို့ကောင်းလွန်းတယ်။
မရတော့ဘူး … ဒီလူသားကို အပိုင်လိုချင်မိနေပြီ ဒီလူသားက ကျွန်တော့်အပိုင်ဖြစ်မှရတော့မယ်။ လက်တစ်ဖက်က ဖုန်းကို လှမ်းယူပြီး Seungcheol hyung ကို message လှမ်းပို့လိုက်တယ်

'Hyung ကျွန်တော်ရော Secretary Jeon ရော ဒီနေ့နောက်ကျမယ် နေ့လည်မှရုံးတတ်မယ်နော် '

ကြောင်ပေါက်စလေး နိုးသွားမှာစိုးလို့ ဖုန်းကို သာသာယာယာလေးပဲပြနချထားလိုက်တယ်။ရင်ခွင်ထဲက ကြောင်ပေါက်စလေးရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း အရမ်းအူယားလာလို့ ဖွဖွလေးနမ်းလိုက်မိပြန်တယ်။

နှစ်နာရီလောက်ကြာတော့ ရင်ခွင်ထဲက လူသားလေးက လူးလွန့်လာတယ်။
မျက်လုံးလေးပွင့်လာပြီး ကျွန်တော့်ကိုကြောင်တောင်တောင်လေးကြည့်နေတယ်

"C… CEO … ကျွန်တော်မနေ့ညက အိပ်ပျော်သွားတာထင်တယ် တောင်း တောင်းပန်ပါတယ် "

ပြောပြီးဇွတ်အတင်းရုန်း နေတာမလို့ ဖက်ထားလိုက်ပြီး

"ဘာလို့ ရုန်းနေတာလဲ တစ်ညလုံး တစ်မနက်လုံး ဒီလို အိပ်နေခဲ့ပြီးတော့ "

ကြောင်တောင်တောင်လေးကြည့်နေတာ အူတွေယားလွန်းလို့ ဒီကောင်လေးကို အားရပါးရဖက်ပြစ်လိုက်ပြီ

"C ……CEO !! "

"ဘာလဲ မကြိုက်ဘူးလား ??? "

"မဟုတ် မဟုတ် …… ဟုတ် ဟုတ် အာ မသိတော့ဘူး "

"ကိုယ်ပြောတာသေချာနားထောင် ကိုယ် Secretary Jeon ကိုချစ်တယ် ။ ချက်ချင်အဖြေပေးဖို့မလိုဘူး သေချာစဉ်းစားပေါ့ ကိုယ်လိုချင်တဲ့ အဖြေဖြစ်ရင်ဖြစ်ပေါ့ မဖြစ်ရင် ကားတင်မှာပဲ "

His Secretary [ ZG & Uni ]Where stories live. Discover now