His Secretary 4

1.5K 129 10
                                    

ဒီနေ့က Friday Night

Woow Wooo တစ်ပတ်လုံး ပင်ပန်းခဲ့သမျှ အပန်းဖြေရမဲ့ ည ဆိုလဲဟုတ်တယ် ။
တစ်ပတ်ဆိုတဲ့ အချိန်ကာလအတွင်း Ent ကလဲ ပုံမှန်လည်ပတ်လာသလို CEO နဲ့ အတွင်းရေးမှူးလဲ လေစိမ်းတွေမတိုက်တော့ဘူး။ CEO နေ့လည်စာ အပြင်မှာစားတဲ့နေ့တွေကလွဲရင် နေ့လည်စာ အတူတူစားဖြစ်ကြတယ်။
Morning Coffee ကလဲ တစ်ရက်မပျက်စေရသလို ။ နေ့လည် Greentea ကလဲ အသင့်ပဲ…

"အတွင်းရေးမှူး Jeon ဒီနေ့ည နေ Overtime တွေမရှိဘူး ပြီးတော့ ညကို ကြိုဆိုပွဲလုပ်မယ် အားလုံးအတွက် ကိုယ်က အကုန်အကျခံမယ်ပြောလိုက်ပါ "

"ဟုတ်ကဲ့ CEO "

အဟက် ကိုယ်က ???? ကိုယ်ကတဲ့ ……… ခေါင်းက ဘယ်မှာတုန်း ??? အဲ့ဒီ CEO ဟာလေ ကျွန်တော့်ထက် ငယ်တာတောင် ကိုယ်တွေ ခေါင်းတွေလုပ်နေသေးတယ်။ အေးပေါ့လေ CEO ဆိုတော့လဲ ရိုသေပေးရတာပေါ့။

"Seungcheol hyung CEO က ဒီည ကြိုဆိုပွဲတဲ့ Overtime မရှိဘူး Hyung "

"OK Woo See you "

Wonwoo လဲ ဌာနတွေကိုဖုန်းဆက်ပြီး အကြောင်းကြားပြီး တာနဲ့ စားသောက်ဆိုင် booking လုပ်လိုက်တယ်။

"CEO ဆိုင်လဲ Booking လုပ်ပြီးပါပြီ ဝန်ထမ်းတွေကိုလဲအကြောင်းကြားပြီးပါပြီ ။ CEO ဆိုင်ကိုပဲတန်းလာမလား ? "

"ကိုယ် အိမ်ခန ပြန်ဦးမယ် ပြီးမှလာခဲ့မယ် "

"ဟုတ်ကဲ့ CEO"

CEO ကိုလဲ ခေါင်းလေးရှာပေးလိုက်ကြပါဦး တစ် ကိုယ် ကိုယ် နဲ့ ………

" Wonnie ………… "

ရုံးကနေအထွက် ဝမ်းသာအားရ အော်ဟစ်နှုတ်ဆက်တဲ့ Junhui အသံကိုကြားလိုက်ရတယ်

"Mr. Wen ဒါကျောင်းမဟုတ်ဘူးနော် ဘယ်လိုတွေဖြစ်လို့အော်ဟစ်နေတာလဲ ?"

"ရုံး အတူတူ ဖြစ်သွားမှပဲ လုံးဝမတွေ့ရတဲ့ ချစ်သူငယ်ချင်းကြီးကို တွေ့ရတာ ဘယ်လောက်တောင်အံ့သြသွားလဲစဉ်းစားလေ……"

"Jun ah ! တခြားသူတွေနဲ့လေ အဲ့လို မနှုတ်ဆက်နဲ့ "

"No No မရဘူး နှုတ်ဆက်မှာပဲ ……"

Wen Junhui ကိုနိုင်အောင်တကယ်မပြောနိုင်တာ ကလေးလိုလိုအကွက်တွေသိပ်သုံးတာ ။ သူ့ကို အဲ့လိုအော်မနှုတ်ဆက်နဲ့ ထပ်ပြောရင် မရဘူး မရဘူး အော်ပြီး ပိုပြီးလုပ်တော့မှာသိနေတယ် ။ လောကကြီး ကယ်တင်ကြပါဦး ဒီ Junhui ကို နိုင်မဲ့ သူတစ်ယောက်လောက် ………
ရုတ်တရက်ဆိုသလို Jun တိတ်သွားတာမလို့

His Secretary [ ZG & Uni ]Where stories live. Discover now