His Secretary 11

1.3K 123 4
                                    

"Hyung ကျွန်တော် Wonwoo ကိုချစ်နေမိပြီထင်တယ် "

မထင်မှတ်ထားတဲ့စကားကြောင့် အံ့သြမိသွားတယ်။ ဘုရားရေ တကယ်ကြီးလား ??

"Mingyu တကယ်လား ?? "

"ကျွန်တော်လဲသေချာမသိဘူးဝေခွဲမရဖြစ်နေတာ"

"အင်းးး သေချာစဉ်းစားပေါ့ အနေနီးစပ်လို့ချစ်တယ်ထင်မိတာလား တကယ်ချစ်တာလား ကွဲပြားဖို့လိုတယ် ။ Wonwoo ကို အစ်ကိုတို့အားလုံးကလဲချစ်ကြတယ် သူကအပြင်ပန်းမှာအေးစက်စက်နိုင်ပေမဲ့ ရင်ထဲကတကယ်နွေးထွေးတဲ့သူဖြစ်နေတာမလို့ ချစ်ကြတာ အဲ့ဒီတော့ မင်းအနေနဲ့ အစ်ကိုတို့လိုပဲချစ်တာလား ဒါမှမဟုတ် တကယ်ကိုချစ်သူတစ်ယောက်အနေနဲ့ချစ်တာလာသေချာဆုံးဖြတ်ပေါ့"

အချစ်ဆိုတဲ့အရာက ထူးဆန်းတယ်။ အချိန်တွေကာလတွေမလိုအပ်သလို ချစ်တယ်ဆိုတာကိုသိဖို့တော်တော်ခက်တယ် အထူးသဖြင့်ယောက်ျားလေး နှစ်ယောက်ကြားက ချစ်ခြင်းဟာ ခေါင်းစဉ်တပ်ရခက်ခဲတယ်။ ယောက်ျားလေးအများစုက ခင်ပြီဆိုရင် မိသားစုတစ်ခုလိုဖြစ်သွားတတ်တာမျိုးဖြစ်တဲ့အတွက် ဒါဟာသံယောဇဉ်လားအချစ်ဆိုတာလား ကွဲပြားဖို့ခက်ခဲတယ်...
Jeonghan လဲ Mingyu စကားကြောင့် စိတ်တွေက အတိတ်ဆီ ပြန်ရောက်သွားတယ် .........
သူလဲ သံယောဇဉ်လား ချစ်ခြင်းလားဆိုတာ မကွဲပြားခဲ့ပဲ ခံစားခဲ့ရဖူးတာပဲ ......

Flash back

"Jeonghannie "

"အင်း Shua ရောက်ပြီလား ?? "

"Seungcheol မရောက်သေးဘူးလား ? "

ဒါသူတို့ရဲ့ နေ့စဉ် နှုတ်ဆက်နေကြ အလေ့အကျင့်တစ်ခုပေါ့
Seungcheol ရယ် Jeonghan ရယ် Joshua ရယ်ဆိုတာက သိပ်ကိုခင်ပြီး တပူးတွဲတွဲအမြဲရှိတဲ့သူတွေပေါ့။ Seungcheol က Junior တန်းက ကလေးတွေနဲ့ ခင်တော့ အမြဲတမ်း နောက်ကျတတ်သူ ...

ဒီလိုပါပဲ နေ့စဉ်လည်ပတ်နေခဲ့တာ သူတို့ကြားကသံယောဇဉ် က အရောင်တွေ မရှိခဲ့ဖူးဘူး ပုံမှန်လေးပါပဲ

သူနဲ့ Joshua ကို အတွဲညီလွန်းလို့ စနောက်ကြပေမဲ့ သူငယ်ချင်းလို့ပဲအမြဲငြင်းတတ်တယ် ။ ဟုတ်တယ်လေ သူငယ်ချင်းတွေပဲကို

တစ်ရက်မှာတော့ ......

ကျောင်းစောစာရောက်နေတဲ့ Jeonghan တစ်ယောက် စာသင်ခန်းထဲအဝင် နမ်းနေတဲ့ အတွဲတစ်တွဲကြောင့်ခြေလှမ်းတွေ ရပ်တံ့သွားတယ် ။

His Secretary [ ZG & Uni ]Where stories live. Discover now