His Secretary 5

1.5K 125 3
                                    

[ZawGyi]

အနီးကပ်ကြည့်နေတုန်းမှာပဲ လွန့်လူးပြီး နိုးလာတာမို့ နောက်ကိုအမြန်ဆုတ်လိုက်ရတယ်။ တော်သေးတယ် မျက်လုံးမပွင့်လာသေးလို့ ။ ငါဘာတွေဖြစ်နေတာလဲ ??? [ ကွေးတော့မှာလေ ရှင်က ]

"CEO ကျေးဇူးတင်ပါတယ် လိုက်ပို့ပေးတာ "

"ရပါတယ်။ အတွင်းရေးမှူး Jeon See you at Monday "

"ဟုတ်ကဲ့ CEO "

"Good Night Secretary Jeon "

"Good… Good Night CEO "

"ရပါတယ်"
…………………………………
Wonwoo's POV

တစ်ခုခုတော့ထူးဆန်းနေတယ် စားသောက်ဆိုင်မှာကတည်းက CEO က ခနခနစိုက်ကြည့်နေလို့ လန့်ပြီး ဖိသောက်မိတာ မူးသွားတယ်။ သူဘာတွေများ မကျေနပ်နေတာပါလိမ့်??? ငါများအမှားလုပ်မိထားလားလို့ခနခနတွေးမိတယ် ။ ဘုရားအဆူဆူကယ်တော်မူပါ ။ CEO မကြိုက်တာ တစ်ခုခုလုပ်ထားမိပြီလားမသိဘူး။ တော်သေးတယ် မနက်ဖန် ရုံးပိတ်လို့သာပေါ့။ တစ်လမ်းလုံးအိပ်ချင်ယောင်ဆောင်မယ်တွေးလိုက်တာတကယ် အိပ်ပျော်သွားတာပဲ ဟဲဟဲ ဟန်ဆောင်တာအသက်ပါသွားတယ်။
အိပ်ပြီ အိပ်ပြီ

မနက်မိုး စင်စင်လင်းနေပေမဲ့ တစ်စုံတစ်ယောက်ကတော့အရာအားလုံးကို ဥပေက္ခာပြုပြီးအိပ်စက်ခြင်းနဲ့ ပျော်မွေ့နေလေရဲ့…
အဆက်မပြတ် မြည်နေတဲ့ ဖုန်းသံကြောင့် ကျွန်တော် နိုးလာခဲ့တယ်။
"ဟယ်လို "

"Jeon Wonwoo ငါခေါ်နေတာကြာလှပြီ ဘာကိစ္စမကိုင်ရတာလဲ ငါတို့မင်းအိမ်ရှေ့မှာ "

ကြားလိုက်ရတဲ့အသံကမဖြစ်မနေ ထရမယ်ဆိုတာသိလိုက်ပြီ။ ဘယ်သူလို့ထင်လဲ ???
နှစ်ယောက်မရှိသော Lee Jihoon အသံပါ။ ကျွန်တော့်ရဲ့လှပတဲ့ အိပ်စက်ခြင်းကို ဖျက်ဆီးမဲ့လူသား။ စိတ်တိုရင် ရှိသမျှအရာအားလုံးဟာ သူ့လက်နက်ပဲ အထူးသဖြင့် သူ့ Guitar ပေါ့…
ကမန်းကတန်း တံခါးဖွင့်ရတော့တာပေါ့ ။ Jihoon နဲ့ Soonyoung

"Yah ! နေ့လည်၁၁ နာရီရောက်နေပြီ အခုထိ အိပ်တုန်းပဲလား "

"မနေ့ညက ညစာစားပွဲလေကွာ ငါ့ကို တစ်ရက်လောက်တော့ အိပ်ခွင့်ပေးကြပါ"

"အခုလောက်အိပ်ရတော်ရောပေါ့ ဒါတွေသိနေလို့ Cheese burger ဝယ်လာတယ်သွား မျက်နှာသစ် "

His Secretary [ ZG & Uni ]Where stories live. Discover now