His Secretary 12

1.4K 126 2
                                    

"မင်း အဲ့လိုပြောချင်ရာပြောပြီး ကိုယ့်ဆီကနေ ထွက်ပြေးလို့ရလား "

နောက်ကနေလိုက်လာပြီး ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရတယ်။ ဘာတွေလဲ ?

"Joshu…… ''

စကားသံတောင်မဆုံးလိုက်သေးဘူး နှုတ်ခမ်းပေါ်ကိုရောက်လာတဲ့ အနမ်းတစ်ခု။ ဒိန်းခနဲ ပေါက်ကွဲမတတ်ပဲ ပြန်တုံ့ပြန်ဖို့တောင်မသိနိုင်လောက်အောင်မေ့လျော့နေမိတယ်။ အသိဝင်လာတဲ့ တွန်းလွှတ်ပေမဲ့ သူ့ရင်ခွင်ထဲမှာပဲ ရှိနေဆဲပဲ

"Joshua မင်း ဒါဘာလုပ်တာလဲ ? "

"နမ်းတာလေ "

"မင်း နမ်းချင်တိုင်း နမ်းရအောင် ငါအပေါစားမဆန်ဘူး"

"ဘယ်သူကအဲ့လိုပြောနေလို့လဲ ?? "

"မင်းမှာ … မင်းမှာချစ်သူရှိတယ်လေ … "

"Hello ကိုကို Jeonghan  "

ရုတ်တရက်ထွက်လာတဲ့ Stella ကြောင့် ဘာပြောရမလဲမသိ ဖြစ်သွားတယ် ။

"အံ့သြမသွားပါနဲ့ Stella က ကိုကို Joshua ရဲ့ ညီမဝမ်းကွဲပါ ဟိဟိ "

"ဘယ်လို ဘယ်လို ??? Hong Jisoo ဒါဘာတွေလဲ ??? "

"ကဲ ကိုကို Joshua ရေ အစအဆုံးရှင်းပြပါဦး "

အမျိုးအမည်မသိတဲ့ပျော်ရွှင်မှုကို ခံစားရပေမဲ့ စိတ်တိုနေတုန်းပဲ

"ဒီလိုလေ မင်းကို ငါချစ်နေတာ ကြာခဲ့ပြီ ဘေးကလူတွေလဲသိတယ် အများစုက တွဲနေတယ်ထင်တဲ့အထိပဲ ဒါပေမဲ့ မင်းကသူငယ်ချင်းတွေပါချည်းပဲအမြဲပြောတယ် ငါသာဖွင့်ပြောရင်လဲ မင်းသေချာပေါက်ငြင်းမှာပဲ … အဲ့ဒီတော့ Stella အလည်ရောက်နေတုန်း ဇာတ်လမ်းလေးတစ်ပုဒ်က လိုက်တာ "

"ဒါ … ဒါပေမဲ့ နမ်း … နမ်းတာက "

"ဒါကအမြင်မှားအောင် တမင်လုပ်လိုက်တာ နမ်းစရာလား ကိုယ့်ညီမကို"

"Stella ကလဲ မနမ်းချင်ပါဘူးနော် သူငယ်လေးတွေငမ်းချင်နေတာတောင် RS အယောင်ဆောင်နေရတာ အရမ်းစိတ်ညစ်တာပဲ "

"အခု လွတ်လွတ်လပ်လပ် ငမ်းတော့ ညီမလေးရေ Yoon Jeonghan က ငါ့လူဆိုတာ တစ်လောကလုံးကို ရဲ့ရဲ့ဝံ့ဝံ့ကြေငြာလို့ရပြီ "

His Secretary [ ZG & Uni ]Where stories live. Discover now