His Secretary 6

1.4K 125 13
                                    

" အတွင်းရေးမှူး Jeon ရုံးခန်းထဲကို လာခဲ့ပါ "

ဘာကိစ္စ အခုအချိန်မှခေါ်နေရတာလဲ။ မသွားလို့လဲမဖြစ် ခုနက အခြေအနေကိုလဲ မျက်နှာပူ။ mask တပ်သွားရမလား ??? ရုတ်တရက်ကြီး mask တပ်ရင်လဲ ထူးဆန်းတယ်မဟုတ်လား ?? ဘာမှမဖြစ်သလိုနေလဲရနေတာပဲလေနော့ ။ အိုခေ သွားပြီ………

ဒေါက် ဒေါက် ဒေါက် ………

"ဝင်ခွင့်ပြုပါ CEO "

"ဝင်ခဲ့ပါ "

အထဲက အသံကြားတော့မှ ခပ်တည်တည် နဲ့ဝင်လာလိုက်တယ် …
စာရွက်တွေကို ကြည့်ရင်း အလုပ်ရှုပ်နေတာမို့တော်သေးတယ်။

"အတွင်းရေးမှူး Jeon ရဲ့ သူငယ်ချင်း Music Producer တစ်ယောက်ရှိတယ်ဆို "

"ဟုတ်ကဲ့ CEO … "

"သူရဲ့ ဖန်တီး မှုတစ်ခု တွေကို နမူနာပြပေးလို့ရမလား "

"ရပါတယ် CEO ဒါနဲ့ CEO ကိုသူ့အကြောင်းဘယ်သူပြောတာလဲ ??"

"Seungcheol Hyung ပြော ပြော ………… အတွင်းရေးမှူး Jeon ဘာ…… ဘာ ဖြစ်တာလဲ "

"ကျွန်တော် နှာစေးနေလို့ပါ CEO ကို ကူးမှာစိုးလို့ "

"ဒါပေမဲ့ mask တပ်ရင်ရပြီလေ ဒီ ဆိုင်ကယ် ဦးထုပ်ကြီးက လိုလို့လား ??? "

လိုလို မလိုလို သူ့အပူပါလား ???

"ဟုတ် ပိုပြီး လုံခြုံ စိတ်ချရအောင်လို့ပါ CEO "

ရယ်ချင်ပက်ကျိဖြစ်နေတဲ့ မျက်နှာကြီးကို ဒီ CEO ဘာကိစ္စအဲ့လိုဖြစ်နေတာလဲ ရယ်စရာပါလား ???

"ထမင်းစားတော့ ဘယ်လိုလုပ်လဲ ??? "

"ရတယ် CEO ဒီနေ့တော့ အတူတူမစားတော့ပါဘူး CEO နှာစေးတာ ကူးမှာစိုးလို့ "

"သြော် …… သြော် ဟုတ်ပါပြီလေ . မွန်းနေမယ်နော် သတိထားဦး "

ရယ်ချင်ချင်မျက်နှာကြီးနဲ့ မပြောလို့မရဘူးလား အဲ့ဒီ CEO ……

"CEO ဒါဆို ခွင့်ပြုပါဦး နော် Jihoon ဆီ ဖုန်းဆက်ပြီး နမူနာပို့ဖို့ပြောမလို့"

"OK …… OK …"

ခပ်တည်တည်နဲ့ ထွက်လာပြီး အပြင်ရောက်မှ ဦးထုပ်အမြန်ဆွဲချွတ်ရတယ် ။ ဖုန်းကို ဖွက့်လိုက်ပြီး Jioon စီကို message ပို့လိုက်တယ်

His Secretary [ ZG & Uni ]Where stories live. Discover now