His Secretary 3 (ZG&Uni)

1.5K 137 2
                                    

ဟူးးးးးးးးးး……
စစချင်းရက်မှာ တင်အလုပ်တွေများလွန်းလို့ ကျွန်တော် အိမ်ပြန်ရောက်တော့ပင်ပန်းနေပြီ။
ကျွန်တော့် Secertary က တကယ်ကိုတော်တဲ့သူတစ်ယောက် မို့သာတော်တော့တယ် ။ သူကအရာရာ ပြင်ဆင်ပေးထားပေမဲ့ ဆုံးဖြတ်ချက်ချရတာက ကျွန်တော်လေ အဲ့ဒီတော့ လဲပင်ပန်းတာပေါ့။
အရေးထဲ ချီးထုပ်မက အပူလာကပ်နေသေးတယ်။ ဘယ်သူရှိမလဲ Hana ပေါ့ ။ ဟော ပြောရင်းဆိုရင်း Hana ဆီက ဖုန်းဝင်လာတယ်။

"ကဲ မယ်မင်းကြီးမ Hana မိန့်တော်မူပါ "

"ဟွန် အသံကြီးကလဲ "

"Hana ရာ ငါတကယ်ပင်ပန်းလွန်းလို့ပါ ။ ဒီနေ့ မှအလုပ်စဝင်ပေမဲ့ တကယ် စီစဉ်ရတာတွေများလွန်းလို့ "

" အွန်းပါ Hana ပြောထားတဲ့ ကိစ္စလေး မမေ့နဲ့နော် တကယ်စေတနာနဲ့ပြောတာ "

"အင်းပါ ဒါပဲမဟုတ်လား ငါနားတော့မယ် "

"Nae တာ့တာ ကိုကို Mingyu I love you "

"I love you baby ဒါပဲဒါပဲ "

Hana က ကျွန်တော်နဲ့ ငယ်ငယ်ကတည်းကရင်းနှီးတဲ့ သူငယ်ချင်းဆိုလဲဟုတ် လေးငါးလလောက်ငယ်တဲ့ ညီမဆိုလဲဟုတ်တဲ့သူ ။ မိဘချင်းကလဲရင်းနှီးတော့ ကျွန်တော်တို့ ခင်တာလဲမဆန်းပါဘူး။ ရိုးသားသလား မရိုးသားသလားတော့ တစ်ခါမှ မစဉ်းစားမိဖူးဘူး။ မေမေတို့က စသလိုနောက်သလို ပြောပေမဲ့ ကျွန်တော်တို့ကလဲ အသဲအသန်ပြန်မငြင်းဘူး။ ကျွန်တော်ကျောင်းတတ်တုန်းကတော့ ရည်းစားတွေတွဲတာပေါ့ ဝတ္ထု တွေထဲကလို အသဲအသန် တော့မချစ်ဖူးသေးဘူး။ Hana ဆိုရင်လဲ လက်ခံနိုင်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စကိုတော့တစ်ခါမှမဆွေးနွေးဖူးသေးဘူး။
ကဲကဲတော်ပြီ ပင်ပန်းလဲ ပင်ပန်းလာတော့ ဒါတွေမတွေးအားသေးဘူး။ အနားယူမယ်…

အနားယူမယ်ဆိုကာမှ message ဝင်လာတယ်

Secretary Jeon
CEO မနက်ဖန် ၁၀ နာရီမှာ trainee တွေနဲ့တွေ့ဖို့ရှိပါတယ်။ ကြိုတင်ပေးတာပါ ။ အနှောက်အယှက်ဖြစ်သွားရင်ဆောရီးပါ

စာဖတ်တာနဲ့တင် မတုန်မလှုပ်နဲ့ မျက်မှန်တပ်ထားတဲ့ မျက်နှာက ကျွန်တော့်မျက်လုံးထဲ ပေါ်လာတယ်။ တစ်ဆိတ်လောက် message ပို့တာတောင် report တင်နေသလိုမပို့ပဲမရဘူးလား ။ ဒီလူနဲ့တော့ခက်ပြီ

His Secretary [ ZG & Uni ]Where stories live. Discover now