His Secretary 21

1.1K 103 2
                                    

အရာအားလုံးဟာ အဆင်ပြေချောမွေ့စွာပဲ လည်ပတ်နေပါတယ်။ Debut ဖို့ရက်နီးလာလေ အလုပ်တွေ ရှုပ်လေဆိုပေမဲ့ Mingyu နဲ့ Wonwoo ကတော့ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီးနားလည်လာတယ်။ Mingyu က လူကြီးပုံစံ ဖမ်းထားတဲ့ ကလေးဆန်တဲ့ ကောင်လေး ဆိုတာကြာလာလေ သိလာလေပါပဲ ……

"Hyung ??? "

"ဟင် … ဘာလဲ Mingyu "

"ဘာတွေတွေးနေတာလဲ? ခေါ်နေတာကြာလှပြီလေ "

ပြောလဲပြော စိတ်ကောက်တဲ့ပုံစံနဲ့ ကလေးလို နှုတ်ခမ်းစူချင်နေတဲ့ ကောင်လေးကို ကျွန်တော် ကြည့်ရင်းပြုံးမိသွားတယ်။

"ဟော အလကားနေရင်း ပြုံးပြန်ပြီ "

"မဟုတ်ပါဘူး ဟော့ဒီက CEO အကြောင်းစဉ်းစားနေတာပါ "

"ဘာတွေ စဉ်းစားနေတာလဲ ?? ဟဲဟဲ ဘယ်တော့ အဆင့်တတ်ရမလဲ ? စပြီးမတောင်းဆိုချင်လို့လား ?? ရပါတယ် … သဘောထားကြီးပါတယ် ။ အားမနာနဲ့ "

ကိုယ်ကတော့ စိတ်ထဲမှာ ကလေးဆန်တယ်တွေးနေတာ သူက ကလေးဆန်ဆန်မတွေးပါလား…

"ပေါက်ကရတွေပြောမနေနဲ့ ကလေးဆန်တဲ့ CEO လေးလို့တွေးမိတာမှားတာပဲ "

"ဟာ…… ကလေးဆန်ဆိုလဲ ဆန်မှာပေါ့ အရာအားလုံး Hyung သဘော "

ပြောလဲပြော ပခုံးပေါ်ကိုခေါင်းမှီပြီး ချွဲနေတဲ့ Mingyu ဟာ Kim Group ရဲ့ အနာဂတ် အုပ်ချုပ်မဲ့ Kim Mingyu ဆိုတာ ယုံကြပါ့မလား…

"Wonwoo hyung ! "

"အင်း…… "

"ခရီးထွက်ရအောင် …… "

"ဟင် !! ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ? "

"အလုပ်တွေ အရမ်းပိနေခဲ့တာကွာ တစ်ရက်လောက်ဖြစ်ဖြစ် အကုန်ခနမေ့ပြီး ခရီးတိုလေးထွက်ရအောင် "

"ဒီလောက်အလုပ်တွေများနေတာကို ထားသွားလို့မဖြစ်ဘူးလေ "

"Sunday တစ်ရက်ပဲကွာ အလုပ်တွေ အိမ်နသယ်ပဲ ခရီးထွက်ရအောင်လေ နော် "

"အင်း ……… schedule တွေ appointment တွေ ခနပြန်ကြည့်ဦးမယ် "

"အဲ့ဒါတွေ ခနမေ့ထားကွာ သွားမယ်နော် နော် နော် "

အဲ့ဒီလို ချစ်စရာကောင်းအောင် တောင်းဆိုနေမှတော့ ဘယ်သူကအရည်မပျော်ပဲ နေနိုင်မှာလဲ ?? "

His Secretary [ ZG & Uni ]Where stories live. Discover now