His Secretary 14

1.5K 114 8
                                    

[ဒီ အပိုင်းကတော့ random POV ပါနော် တသမတ်တည်းမဟုတ်ပါဘူး]

ရုံးနောက်ကျနေတာမလို့ အမြန်ပြေးတတ်လာကာမှ CEO နဲ့ တန်းတိုးတာပဲ ။ သူကဘာကိစ္စ စောနေရတာလဲ ?

"Mr. Wen အချိန်ကိုလေးစားပါနော် 9 နာရီနဲ့ 5 မိနစ် ရှိနေပြီ နောက်ကိုအချိန်တိတိကျကျလာပါ"

"ဟုတ်ဟုတ်ကဲ့ CEO အခုကကားလမ်းတွေ ပိတ်နေလို့ပါ "

"နောက်ကိုစောစောထွက်လာပေးပါ "

"ဟုတ်ကဲ့ "

CEO ငါ့ကိုအစာမကြေတာများရှိနေတာလား ဇွတ်တွေတင်းမာနေတာ [ နင်ပဲ ကလေကဝ လို့ပြောထားတာလေ မေ့သွားပြီလား ]
Wonwoo လဲအခုထိ မရောက်သေးပါလား သူလဲအဆူခံရတော့မယ် တွေးနေတုန်းရှိသေးတယ် ဟောဟဲ ဟောဟဲ နဲ့ပြေးလာတဲ့ Wonwoo ... မင်းကံကောင်းပါစေ သူငယ်ချင်းရေ ......

"Sorry ကျွန်တော်နောက်ကျသွားတယ် CEO "

"စိတ်ပူနေတာ ရတယ် အခု မှ ၉ နာရီ ၁၀ မိနစ် ရှိသေးတယ် "

ဟမ် ???? ငါ နားကြားမှားတာလား လှမ်းကြည့်တော့လဲခုနကသူမဟုတ်သလိုပဲ. ဘာတွေလား ??

"Traffic တွေက အရမ်းကြပ်နေတော့လေ မနက်စာတောင်မစား ...... "

စကားတောင်မဆုံးသေးဘူး Coffee နဲ့ မုန့်ကအဆင်သင့် CEO မျက်နှာလိုက်တာ လွန်မနေဘူးလား ?

"သိတယ် နောက်ကျနေကတည်းက ကိုယ်ကြိုမှာပေးထားတာ နောက်တစ်ခါပြေးမလာနဲ့ ချော်လဲလိမ့်မယ်နော် "

ဘုရားသခင် ကယ်တော်မူပါ ဒါကဘယ်လိုတောင် မျက်နှာလိုက်မှု လဲ မဟုတ်ဘူး မျက်နှာတစ်ခုလုံးပါပါနေပြီ။ အမလေး နောက်ထပ်မြင်ရတဲ့ မြင်ကွင်းက Wen Junhui ကို သွေးအတောင့်လိုက်တတ်စေတာပဲ...
ချွေးသုတ်ပေးနေတာတဲ့ ... ငါမနေနိုင်တော့ဘူး

"CEO ကအရမ်းဂရုစိုက်တယ်နော် ဝန်ထမ်းတွေကို "

"သူက သာမန်ဝန်ထမ်းမဟုတ်ဘူးလေ ကိုယ့်ရဲ့အတွင်းရေးမှူးလေး "

ပီတိဖြာနေတဲ့ မျက်နှာနဲ့ ခေါင်းငြိမ့်ကော်ဖီသောက်နေတဲ့ Jeon Wonwoo ကိုပိတ်ရိုက်ချင်လာလို့ ပခုံးကို ရိုက်မလို့ လက်လှမ်းရွယ်တုန်းရှိသေးတယ်

His Secretary [ ZG & Uni ]Where stories live. Discover now