His Secretary 24

958 87 1
                                    

(W/N : ဒါက Fanfiction မလို့ စိတ်ကူးယဥ်ဇာတ်လမ်းဆင်ခြင်းသက်သက်သာဖြစ်ပါတယ် ။ စိတ်ဓါတ်ကျတဲ့ စကားလုံးတွေ ပါနိုင်တာမလို့ စိတ်အဆင်မပြေရင်ကျော်သွားပါနော်)

Mingyu ဘဝမှာ အနာကျင်ရဆုံးအချိန်ကိုပြောပါဆိုရင် အထက်တန်းကျောင်းသားဘဝ ပါပဲ

ယုံကြည်မှု!!!!

Mingyu က လူတွေကိုယုံကြည်တယ် ကူညီတတ်တယ် ပျော်တတ်တယ်။ သံသယမထားတတ်တဲ့လူမျိုးဆိုတော့ Mingyu ရဲ့ အထက်တန်းကျောင်းသားဘဝဟာ တကယ့်ကိုပျော်ရွှင်ဖို့ကောင်းခဲ့ပါတယ်။
ညီအစ်ကိုအရင်းလို ရင်းနှီးခင်မင်ရတဲ့ သူငယ်ချင်းတွေလဲရှိခဲ့တယ်

တစ်နေ့ပေါ့........

"Mingyu က Section A ကကောင်မလေးကို Sexual abuse လုပ်တယ်တဲ့ "

"ကောလဟာလနေမှာပါဟယ် "

"သြော်နင်ကလဲ သက်သေနဲ့ တင်တာကို "

"ဟယ်တကယ်လား အမလေး မထင်ရဘူးနော် "

"ဟဲ့ Mingyu ကိစ္စသိပြီးပြီလား "

"Kim Mingyu လိုသူဌေးသားကလေ"

ဘာတွေဖြစ်နေလဲ ကျွန်တော်မသိတော့ပါ လူတွေကဘာလို့ကျွန်တော့်ကိုကြည့်ပြီး တီးတိုးဝေဖန်နေကြတာလဲ ??? သူတို့အကြည့်တွေကဘာလို့ မုန်းတီးတဲ့အရိပ်အယောင်တွေပါနေတာလဲ?? သူငယ်ချင်းတွေရှိရာစီ အမြန်ဆုံးလာလိုက်တော့ ကျွန်တော့်ကိုမြင်တာနဲ့ မျက်နှာတွေပြောင်းသွားတယ်။

"ဟေ့ကောင်တွေ ရောက်နေပြီလား "

တည်ငြိမ်အောင်ကြိုးစားပြီး နှုတ်ဆက်လိုက်မိတယ်။ အခင်ဆုံး နားလည်မှု အရှိဆုံးဖြစ်ခဲ့တဲ့ သူငယ်ချင်းကပဲ

"Mingyu မင်း နောက်ကို ငါတို့နဲ့ လာမထိုင်နဲ့"

ပြောပြီးထွက်သွား ကြတော့ Mingyu နေရာမှာတင်ခေါင်းငိုက်စိုက်ကျကျန်ခဲ့ရတယ်။
ရုတ်တရက်ဆိုသလို ကောလဟာလတွေက ပျံ့နှံ့လာခဲ့တယ်။
အဆင်ပြေမှာပါကောလဟာလ လို့ပဲတွေးပြီး Mingyu ကြိုးစားနေခဲ့တယ်။
တစ်ယောက်ထဲပေမဲ့ အဆင်ပြေအောင်ကြိုးစားနေခဲ့တယ်။ လှောင်ရယ်သံတွေကြားမှာ သူကြိုးစားပြီးရပ်တည်ခဲ့တယ်။
အထင်လွဲမှားမှုနဲ့ကောလဟာလ က အချိန်တန်ရင်ပျောက်သွားမှာပါ အကုန်ပြေလည်သွားမှာပါပဲ သူမဟုတ်တာတစ်ခုမှမလုပ်ခဲ့ဘူးလေ။

His Secretary [ ZG & Uni ]Where stories live. Discover now