His Secretary 20

1.1K 104 2
                                    

မနေ့က studioက ကိစ္စကိုတော်တော်သိချင်တာကြောင့် Wonwoo နဲ့နေ့လည်စာစားနေတုန်း

"Baby ! "

"အင်း… "

"Seungcheol hyung နဲ့ Woozi ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ ပြောလို့ရမလား မနေ့က studio ကပြန်လာကတည်းက Seungcheol hyung ကလည်း တစ်မျိုးဖြစ်နေတယ် "

စားလက်စကိုရပ်တံ့ပြီးစဉ်းစားနေတဲ့ Wonwoo ရဲ့ပုံစံကြောင့် …

"ကိုယ့်ကိုပြောပြလို့မရဘူးဆိုလဲ ကိုယ်နားလည်တယ်နော် … "

"အခုလိုကျတော့လဲ ချစ်စရာကောင်းလိုက်တာ အလိုက်သိလွန်းလို့ "

ကျွန်တော့်လက်ကိုကိုင်ပြီး ပြောနေတဲ့ သူ့ကိုတကယ်အူယားမိတယ်။

" အတည်ပြောနေတာ ကိုယ်ကသိချင်ပေမဲ့ privacy ကျော်သလိုဖြစ်နေမှာစိုးလို့"

"အရမ်း ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး ကျောင်းတုန်းကဖြစ်ခဲ့တာ။ Jihoon က Seungcheol hyung ကိုသဘောကျတယ် အမြဲတမ်းလဲအတူတူရှိနေတယ် ဒါပေမဲ့ Seungcheol hyung ကအဲ့ဒါကိုမသိဘူး မမြင်တတ်ဘူး။ "

"Seungcheol hyung ကစိတ်မဝင်စားတာလား ??? "

"ဘေးလူအမြင်နဲ့ပြောရမယ်ဆိုရင်တော့ hyung က Jihoon အပေါ် ဘယ်သူနဲ့မှ မတူဘူး သံယောဇဉ်ပိုတယ်။ ဒါကအချစ်လားလို့လဲမပြောနိုင်ဘူး ညီအစ်ကိုအရင်းလို ချစ်တာလားလဲ မသိဘူး ။ Hyung စိတ်ထဲကိုဝင်ကြည့်လို့မှမရတာ "

"ကိုယ်သွားမေးလိုက်ရင်ရော ?? "

"Mingyu ကမေးလို့ သိလာတယ်ပဲထား ဒါက ကြားဝင်ပြောလို့ရတဲ့အရာမဟုတ်ဘူးလေ လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်က ကြားလူဝင်ပြောပြလို့သိတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ဖြစ်ပေါ်လာတာမျိုး အချင်းချင်းကြားက ခံစားချက်ကို သိတာမျိုးကိုခေါ်တာ "

Wonwoo စကားကလဲမှန်နေတာမလို့ ကျွန်တော်တွေးတောနေမိတယ်။

"Mingyu ah ! ဒီ့ထက်ပိုဆိုးတာက Seungcheol hyung က မိန်းကလေး တစ်ယောက်ကိုနမ်းနေတာကို Jihoon မြင်သွားခဲ့တာပဲ "

အံ့သြစရာကိစ္စတော့မဟုတ်ပါ … Seungcheol hyung က ရည်းစားတွေထားခဲ့ဖူးတော့ ဒီလိုကိစ္စတွေရှိလာမှာပါပဲ။ ဒါပေမဲ့ မနေ့ကတော့ Hyung မျက်နှာမှာတွေ့ရတဲ့ အရိပ်တွေက သာမန်ထက်ပိုနေတာကို မြင်ရတယ်။ Hyung ကိုယ်တိုင်သတိမထားမိတာ ဖြစ်နိုင်တယ်။
တော်သေးတယ် ကိုယ်တိုင်ကတော့ ကိုယ်ချစ်တဲ့လူကိုသေချာသိနေခဲ့တာပဲ…

His Secretary [ ZG & Uni ]Where stories live. Discover now