His Secretary 15

1.4K 119 7
                                    

ဒီနေ့တော့ အိပ်ရေးဝအောင်အိပ်ပြစ်လိုက်တယ် ။ မနေ့ညက CEO ထပ်ဆက်မှာစိုးတာနဲ့ ဖုန်းပါပိတ်အိပ်လိုက်တာ အားလားလား Miss called တွေ Soonyoung ဆီကရော Jun ဆီကရော
မကြာပါဘူး တံခါး bell တီးသံကြားရတယ်
အမြန်ထပြီး ဖွင့်ပေးလိုက်တော့ သတ်မဲ့ဖြတ်မဲ့ မျက်နှာနဲ့ လူသုံးယောက်

"Jeon Wonwoo မင်းများ ပြန်ပေးဆွဲခံရသလား လို့ ငါတို့မှာစိတ်ပူလိုက်ရတာ "

"ပြန်းပေးဆွဲချင်စရာကောင်းအောင် ငါကချမ်းသာတယ်ဆိုတော့လဲ "

"မင်းအခုထိ အိပ်နေတာလား "

"အင်းဟုတ်တယ် ညက ဖုန်းသရဲတွေနှောက်ယှက်နေလို့ "

"ကဲ မင်း ပြင်ဆင်တော့ ငါတို့တောင်အရမ်းချောနေပြီ "

အယ်လဲ့ သေချာကြည့်မိမှ သူတို့ကပြင်ဆင်တောင်ပြီးပြီ

"မင်းတို့ဘာသာ ပြင်ဆင်ပြီးသွားလေ ငါ့ဆီ ဘာလာလုပ်တာတုန်း "

"မင်းပြောထားတယ်လေ အတူတူသွားမယ်လို့"

သေပြီ ! Jun နဲ့ အတူတူသွားမယ်ပြောမိထားတာ ပြန်မပြောလိုက်ရဘူး ။ ဟို CEO ကလဲ လာခေါ်မယ်တဲ့ ။ ဘယ်လိုလုပ်ရမလဲ???
မဖြစ်ဘူး သူတို့တွေ့ရင်သေချာပေါက်မေးတော့မှာ ဘာလို့အိမ်အထိလာခေါ်လဲဆိုတာ …

"သွားလေ ထလေ ရေချိုးပြင်ဆင်တော့ "

"အင်း အေးဆေးပေါ့ မင်းတို့သွားနှင့်လေ "

"ဟင်…… မင်းပဲအတူတူ သွားချင်တာဆို "

"အင်း … ဟို … ငါ ပြင်ဆင်တာ ကြာရင် မင်းတို့ ပျင်းနေမှာ စိုးလို့ "

"ခါတိုင်းလဲ ဒီလိုပဲစောင့်နေတာလေ ဘာထူးဆန်းလဲ သွားသွား မြန်မြန်သွား "

ဒီကောင်တွေနဲ့တော့တကယ် ဂွကျတာပဲ CEO ကိုမြင်တာနဲ့တန်းမေးကြမှာ . အဲ့ဒီလိုမေးရင် ငါရည်းစားစကားအပြောခံရတာလို့လဲ ပြောမကောင်း ငါ့ကြိုက်နေတာလို့ပြောရမလား ??

"ဟေ့ကောင် Wonwoo မင်းဘာထိုင်စဉ်းစားနေတာလဲ ? "

"သြော် …… အင်း ဒီလိုကွာ ငါ့ကိုစောင့်နေရတဲ့အတွက် မင်းတို့ရဲ့ နစ်နာမှုကို ငါတွေးကြည့်နေတာ"

His Secretary [ ZG & Uni ]Where stories live. Discover now