His Secertary 2

1.9K 138 8
                                    

ဟူးးးးးးး

အစည်းအဝေး ကအောင်အောင်မြင်မြင်ပြီးသွားလို့တော်သေးတယ်။
Mingyu ကဒီနေ့မှစပြီးမိတ်ဆက်တယ် ဆိုပေမဲ့  trainee တွေရွေးချယ်ပြီး သား Debut လုပ်ဖို့ plan တွေစီစဉ်ပြီးသားမို့ ဝန်ထမ်းတွေ စတင်အလုပ်လုပ်ကြတော့တယ်။

သူတို့ Ent ရဲ့ ပထမဆုံး အဖွဲ့အနေနဲ့ male Idol group တစ်ခုကို စင်တင်မှာမို့ လိုအပ်တဲ့ အရာတွေ ပြင်ဆင်နေရတယ်။ Debut လုပ်ဖို့ အသံလွှင့်ဌာန တွေကို မိတ်ဆက်ရမယ်။ producer လဲရွေးချယ်ရမယ် Mingyu အတွက်တော့ အလုပ်တွေပိနေတယ်။

"CEO Kim နေ့လည်စာ စားဖို့အချိန်ရောက်ပါပြီ။ ဘာများသုံးဆောင်ချင်ပါသလဲ ။ အပြင်ဆိုင်စီစဉ်ပေးရမလား ခင်ဗျာ "

"ရတယ် အတွင်းရေးမှူး Jeon အဆင်ပြေတာတစ်ခုခု စီစဉ်ထားပေးပါ နားနေခန်းမှာ "

"ဟုတ်ကဲ့ "

Wonwoo ထွက်သွားတာနဲ့ Mingyu ပြုံးလိုက်မိတယ် ဒီ အတွင်းရေးမှူး ဟာတကယ်ကို ဖေဖေပြောသလိုပဲ တိကျတဲ့သူတစ်ယောက် အားကိုးရတဲ့သူတစ်ယောက်
ဒါပေမဲ့ မနက်ကရောက်ရောက်ချင်းပြုံးပြတာကလွဲရင် မပြုံးတတ်တော့တာလားမသိ ။ သူ့မျက်နှာချောချောလေးနဲ့ ပြုံးရင်သိပ်လှမှာကို။
ဟမ် !!!!! ငါဘာတွေ တွေးနေတာလဲ ??
သေချာတာကတော့ သူတို့ ဧည့်ခံပွဲတွေမှာတွေ့ခဲ့တိုင်းလဲ မရယ်မပြုံး နဲ့ထိုလူသားက သူ့ကိုမှတ်မိမယ် မထင်ဘူး။

"ဒေါက် ဒေါက် ဝင်ခွင့်ပြုပါ CEO "

အသံကြားလို့လှမ်းကြည့်မိတော့ Minghao

"ထိုင်ပါ Designer Minghao "

"ဟုတ်ကဲ့ CEO ကြီး "

ခပ်တည်တည်ပြောပြီး နှစ်ယောက်သားအားရပါးရ ရယ်လိုက်မိတယ် ။ Minghao နဲ့ Mingyu ဟာ US မှာကတည်းက သူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအဆင်းသိတဲ့သူတွေပေါ့

"ကဲ ကိုယ့်လူ …ဆိုပါဦး US ကနေကျောင်းပြီးပြီးချင်း အလုပ်တန်းဝင်ချင်ရတဲ့ မဟာ Project ကြီး ကအောင်မြင့်ပါ့မလား"

"ရှူး…… တိုးတိုး သူများတွေကြားကုန်မယ် Minghao "

"ဟားဟား CEO ရုံခန်းထဲကစကား ကသူများအလွယ်တကူကြားစရာလား ???"

His Secretary [ ZG & Uni ]Where stories live. Discover now