His Secretary 1 [ Zaw gyi &Uni]

5.6K 172 13
                                    

တီ တီ တီ တီ တီ

အချိန်မှန်မှန်မြည်လာတဲ့ alarm သံတွေနဲ့အတူ နိုးထလာတဲ့ လူတစ်ယောက် ......
ခါတိုင်းနေ့တွေလိုပဲ နာရီကို တစ်ချက်ကြည့်တယ်
6:30 Am

"Good အချိန်ကွက်တိပဲ "

ပျင်းရိနေဖို့ အချိန်ဆိုတာ မရှိလို့ အိပ်ရာကနေအလျင်အမြန် ထပြီး ရေချိုးခန်းထဲဝင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု နဲ့ စတင်လိုက်တယ် ......

ဒီနေ့က သူ ပထမဆုံး အလုပ်ဝင်ရမဲ့နေ့
ပထမဆုံး ဆိုလို့ သူအခုမှ အလုပ်စလုပ်တာမဟုတ်ဘူးနော် ...
Kim CEO ဆီမှာ နှစ်ရှည်လများ သူ လက်ထောက် အတွင်းရေးမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ် ။ CEO ရဲ့သားက US ကနေ ကျောင်းပြီး လာတော့ဈေးကွက် ချဲ့ထွင်တဲ့ အနေနဲ့ Entartiament တစ်ခု ကိုတည်ထောင်လိုက်တယ်။ စီမံခန့်ခွဲ မှု အတွက် အနီး ကပ် အတွင်းရေးမှူး လိုအပ်လာတော့ ဖခင်ဖြစ်သူက သားရဲ့ Company အသစ်အတွက် စိတ်ချရတဲ့ စီမံ ခန့်ခွဲ တဲ့ သူကို ပဲ လွှဲပေးလိုက်တယ်။
အဲ့ဒီလူက Jeon Wonwoo......

တိကျတယ် . ဖြတ်ထိုးဥာဏ် ရှိတယ် . အမြဲတစေ ဂရုစိုက်တတ်တယ်။ စိတ်မချစရာမရှိတဲ့လူတစ်ယောက်...

Wonwoo ဟာ Kim CEO ရဲ့မိသားစုကို ရင်းနှီးပေမဲ့ Kim Mingyu နဲ့တော့မရင်းနှီးဘူး ဧည့်ခံပွဲတွေမှာတော့ တစ်ခါတစ်ရံတွေ့ဖူးပေမဲ့ ရင်းနှီးတဲ့ အနေအထားမဟုတ်ဘူး ...

Kim Mingyu ဆိုတာက မိန်းကလေးတွေက သဲသဲလှုပ် ဖြစ်နေတဲ့ လူတစ်ယောက်လို့တော့ သူသိထားတယ် ......

ကဲ အတွေးတွေများနေလို့ မရဘူး ။ Mr.Kim ရဲ့သား ဆိုတော့ Mr.Kim လိုပဲ လူကြီးလူကောင်း ပီသပြီး အရည်အချင်းအပြည့်ရှိမဲ့လူတစ်ယောက် ပဲနေမှာပါ ......

Wonwoo ရုံးသွားဖို့ ပြင်ဆင်အပြီးမှာတော့ ကော်ဖီတစ်ခွက် သောက်ဖို့ပြင်ဆင်လိုက်တယ်။ ဆိုင်ကကော်ဖီတွေထက် အိမ်မှာ နှပ်ထားတဲ့ ကော်ဖီကို သူပိုသဘောကျတယ် .

ကော်ဖီ သောက်လို့ ပြီးတဲ့အချိန်မှာတော့ နာရီလက်တံက 7: 45 ကိုညွှန်ပြနေတယ် ။ အိမ်နဲ့ရုံးက ကားနဲ့ဆိုနာရီဝက်လောက်ပဲ ကြာပေမဲ့ Wonwoo က ရထားစီးပြီး ရုံးတတ်တာများတယ်။ တစ်ယောက်တည်းနေတဲ့ သူမို့ သူ့အတွက် ဘေးပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားမှုတွေက လူမှုအသိုင်းအဝိုင်း ကို ဝင်ဆံ့အောင် အားပေးနေတဲ့အရာတွေလို့ သတ်မှတ်ထားတယ်။
သူဖြေငြင်းစွာပဲ ဘူတာရုံဘက်ကိုလျှောက်လာခဲ့တယ် ............

His Secretary [ ZG & Uni ]Where stories live. Discover now