His Secretary 9

1.4K 113 10
                                    

"Wonnie Suprise !!!!!! "

"ဟမ် Soonyoung ??? ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ ? "

"Audition အတွက်လေ "

"ငါ့ကိုလဲ တစ်ခါမှမပြောဘူး ?? ဘယ်တုန်းက Form တင်လိုက်တာလဲ "

"Suprise လုပ်ချင်လို့ပါဆို "

"ဒါပေမဲ့ Form တင်ရင်ငါသိရမှာလေ …… "

"မင်းမသိအောင် Japan သွားတုန်းတင်ထားတာ "

"သြော်……အဲ့လိုပေါ့ !!! အေးပါကွာ အရမ်းတွေ Suprise ကုန်ပြီ "

စကားတပြောပြောနဲ့ ရယ်မောလာတဲ့ သူငယ်ချင်း နှစ်ယောက်ကတော့ သူတို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေတယ်ဆိုတာသတိမထားမိဘူး။
လငုပ်ဖမ်းသလို မျက်နှာကြီးနဲ့ ရုံးခန်းအထပ်က CEO ကို သတိမထားမိလိုက်ကြဘူး…
သြော် … သိပ်ကို ပျော်နေတယ်ပေါ့လေ . . .
စနေတနင်္ဂနွေ မတွေ့ရတာ သူကတော့ဘာမှ မဖြစ်သလိုပဲ ငါတစ်ယောက်တည်း ဖြစ်နေတာလား
ဟော … လာပါပြီ ခုနက မျက်စိမပွင့်တဲ့ လူနဲ့ …

"CEO မင်္ဂလာပါ "

"မင်္ဂလာပါ အတွင်းရေးမှူး Jeon ကိုယ့်အတွက် ကော်ဖီကရော "

"CEO ခနလေးစောင့်ပါနော် အခုချက်ချင်း လုပ်ပေးပါ့မယ် "

အဟင်းဟင်း တွေ့တယ်မဟုတ်လား ငါ့အတွက်ဆို အဆင်သင့်ပဲ ဆိုတာ မြင်ပြီမဟုတ်လား မျက်လုံးမပွင့်တဲ့တစ်ယောက်။ အားရပါးရ ဂုဏ်ဆာတဲ့ အပြုံးကြီး ကိုပြုံး ပြီး အောင်နိုင်သူတွေက ရှုံးနိမ့်သူတွေကိုလှောင်သလို အကြည့်လေး ကြည့်ပြီးထွက်လာခဲ့တယ်
အဟင်းဟင်းးး Kim Mingyu ကိုဒါမျိုးလာမစမ်းနဲ့

Soonyoung နည်းနည်းတော့အူတူတူဖြစ်နေတယ် ။ ဒီ CEO ဘာလဲဟ ?? Wonwoo ကိုကော်ဖီဖျော်ခိုင်းပြီး သူကအနိုင်ရသလိုလိုနဲ့ ပြုံးသွားတာ မသိရင် ရည်းစားလုဖက်တွေကျနေတာပဲ

"Soonyoung ခနလေးနော် interview'လဲလိုသေးတယ်ဆိုတော့ Jun ဆီသွားကြမယ်လေ ကော်ဖီပို့ပြီး ပြန်လာမယ် "

"အင်း အင်း Wonwoo ရတယ်အေးဆေး "

Wonwoo လဲ Soonyoung ကိုပြောပြီး CEO ရုံးခန်းထဲ ဝင်လာခဲ့တယ်။

"CEO ကော်ဖီရပါပြီ "

"ကျေးဇူး အတွင်းရေးမှူး Jeon"

His Secretary [ ZG & Uni ]Where stories live. Discover now