Chapter22

1.4K 222 39
                                    

ဆောင်းဟွန်ကို အရေးပေါ်အခန်းကနေ
အခုမှရိုးရိုးလူနာအခန်းထဲကို ပြန်ရွေ့လာနိုင်တာကြောင့် သူတို့အကုန်လုံး သက်ပြင်းချမိသည်။ အခန်းထဲအထိ ဆရာ၀န်နဲ့သူနာပြုတစ်ချို့က အခြေအနေ သေချာစစ်ဆေးပြီးမှ စိုးရိမ်စရာမရှိတော့ဘူး ဟုဆိုကာ ပြန်ထွက်သွားကြသည်။

ခုံနဲ့နောက်‌ေကျာကို အရိုက်ခံထားရတာကြောင့် ကျောရိုးအနည်းငယ်အက်ကာ အောက်ပိုင်းမသေသွားတာ ကံကောင်းသည်ဟုဆိုရမည်။
ဓားဒဏ်ရာကတော့ ကိုယ်တွင်းကလီစာတွေ
မထိခိုက်ပေမယ့် ဒဏ်ရာနက်တာကြောင့်
နေ့တစ်၀က်ကျိုးအောင် အရေးပေါ်အခြေအနေ ဖြစ်သွားရခြင်းဖြစ်သည်။

ဆရာ၀န်ထွက်သွားတာနဲ့ မေ့မျောနေတ့ဲ
လူနာကလွဲပြီး အခန်းထဲလေထုအခြေအနေ
တင်းမာလို့နေသည်။ တစ်ဖက်က အတွင်းရေးမှူးဟန်၊Jayနဲ့ဂျောင်၀န်းတို့ရှိနေပြီး
‌ေနာက်တစ်ဖက်က ဟန်ဂျူရီနဲ့ဟုန်ဆွန်ယောင်းတို့နှစ်ယောက်ရယ် အကြည့်ချင်းဆုံကာ မျက်လုံးချင်းစစ်ပွဲဖြစ်ချင်‌ေနကြသည်။
နောက်တော့ ဟန်ဂျူရီ့ဘက်က အရင်စကာ...

" တို့အစ်ကို ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားဘူး။တို့ကိုဒုက္ခပေးချင်လို့ အစ်ကိုကြီးကို
တို့......မသိအောင်၀င်ခိုးပြီး ဆောင်းဟွန်က
သက်သက်မ့ဲနစ်နာရတာ။ တရားဥပဒေအတိုင်း သူ့ကိုစီရင်ပါစေ။ တို့လည်း ခွင့်မလွှတ်နိုင်ဘူး တို့မိသားစုကိုကာကွယ်ရမယ်"

သူမလေသံက ဆောင်းဟွန်ဆိုတ့ဲ နေရာရောက်တော့ ပျော့ပျောင်းကာ ကြေကွဲတ့ဲ
အမူအရာတွေ ပေါ်လာသည်။
Jayက အဲဒါတွေကို မ့ဲပြုံး ပြုံးကာ
ကြည့်နေရင်း......

" မင်းအစ်ကိုကိစ္စမပူပါနဲ့ လက်ပူးလက်ကျပ် ဖမ်းလည်းမိသွားပြီ....။ကျိန်းသေပေါက်
ထောင်ထဲ၀င်ရမှာ။ ကျန်နေသေးတာက
အခုဆေးရုံကိုရောက်လာတော့ ဦးလေးပတ်ခ်
ခန္တာကိုယ်မှာ ခီမိုဆေးတွေမဟုတ်ပဲ အကြာကြီးမေ့မျောမလှုပ်နိုင်အောင် ထိုးသွင်းထားတ့ဲ ပရိဇီ၀ဆေးတွေတွေ့တ့ဲ စစ်ဆေးချက်အဖြေရထားတယ်။

ဒီတောအတွင်း သားအရင်းကိုတောင်ပေးမတွေ့ပဲ တောက်လျှောက်
မင်းတစ်ယောက်တည်း သူ့ကို စောင့်လျှောက်ထားတာမဟုတ်ဘူးလား....."

My 10months'LOVE(Completed)حيث تعيش القصص. اكتشف الآن