Chapter13

2K 293 27
                                    

ပရဟိတအဖွဲ့နဲ့အတူ အင်တာနက်မရှိတ့ဲ
နယ်မြေတစ်ခုမှာ လုပ်အားပေးလိုက်သွားတ့ဲ
ဟီဆွန်းHyung ကြောင့် လက်ရှိဖြစ်နေတ့ဲ
အခြေအနေတွေကို emailသာပို့ထားလိုက်ရတယ်....။ mails တွေမြင်ရင်တော့သေချာပေါက် ဖုန််းဆက်ပြီး မေးခွန်းတွေ
တစ်ပုံတစ်ပင်ထွက်ပေါ်လာမှာ သေချာသလောက်ရှိသည်....။

ရေချိုးခန်းထဲက ထွက်လာတ့ဲ ဂျယ်ယွန်းနီးက ပြုံးပြတယ်။ ပုခုံးပေါ်က တဘက်လေးကို
စင်မှာလှမ်းပြီး အနားလာကပ်ထိုင်တော့ အိပ်ခါနီး မျက်နှာသစ်ပြီးခါစ ဂျယ်ယွန်းနီးဆီက
မျက်နှာသစ်ဆေးအနံ့လေး ရလာတယ်။

ဆောင်းဟွန် စာလုပ်နေတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေတ့ဲအခါမျိုးဆို ဂျယ်ယွန်းနီးက အနားမှာ ငြိမ်ငြိမ်လေးလာထိုင်ပြီးကြည့်နေတတ်တ့ဲ
အကျင့်ရှိသည်။

" မနက်ဖြန် ကိုယ်ကျောင်းကိုသွားလို့မရဘူး
ဂျယ်ယွန်းနီး။ ရုံးခနသွားရမယ်"

" အင်းရတယ်လေ....ကိုယ့်ဘာသာကျောင်းသွားလိုက်မယ်။"

‌ေဆာင်းဟွန် ပေါင်ပေါ်တင်ထားတ့ဲ laptopကို ပိတ်ပြီးဘေးချလိုက်ရင်း ကုတင်ပေါ်လှဲချလိုက်တော့ ဘေးကဂျယ်ယွန်းနီးက ရင်ခွင်ထဲတိုး၀င်ရင်းလာအိပ်သည်။ ဂျယ်ယွန်းနီးနဲ့
သူမက အပြုအမူတွေ တော်တော်လေးကွာခြားသည်။ ဂျယ်ယွန်းနီးက ယောကျာ်းလေးဖြစ်တာကြောင့်ပဲလားတော့မသိဘူး
သူ့စိတ်ခံစားမှုအတိုင်း ပွင့်ပွင့်လင်းလင်းပြုမူတတ်တယ်။ သူမကတော့ ဟိုးအရင်ထဲကအခုထိ အပြုအမူတစ်ခုချင်းဆီတိုင်းက ဆောင်းဟွန်ဘယ်တော့မှ နားမလည်နိုင်တ့ဲ ပုစ္ဆာတစ်ပုဒ်လို ရှုတ်ထွေးနေတတ်သည်။

ီ" Hyung....မနက်ဖြန် သောကြာနေ့လေ...
ညဘက် အပြင်လျှောက်လည်ရအောင်နော်။"

ဆောင်းဟွန် ငုံ့ကြည့်လိုက်ပြီး " လိုက်ပို့ပေးမှာပေါ့ ဘယ်ကိုသွားချင်လဲ" လို့မေးတော့
ဂျယ်ယွန်းနီး ပြုံးရင်း....

" လူစည်တ့ဲ ညစျေးတစ်ခုခုပေါ့။ Street foods တွေစားမယ်။Hyungနဲ့ Friday date
လုပ်ချင်လို့နော်...."တ့ဲ။

" အွန်း....ညနေကျရင်သွားကြမယ်။ ကျောင်းကပြန်လာရင် အိမ်မှာပဲစောင့်နေ"

My 10months'LOVE(Completed)Onde histórias criam vida. Descubra agora