Chapter12

2K 301 40
                                    

"ဂျယ်ယွန်းနီးနဲ့ အမြဲအတူရှိချင်လိုက်တာ"
ဆိုတ့ဲ Hyungက နောက်တစ်နေ့မှာ ဂျယ်ယွန်းကို အဆက်အသွယ်ဖြတ်ထားပြန်ပါတယ်။

ဟက်......နည်းနည်းတော့ ရယ်ရသား.....။

ကျွန်တော်ဟာ Hyungအပေါ် မျှော်လင့်ချက်တွေ သိပ်ထားလို့မရတ့ဲပုံပဲ.....။

အချိန်အားဖြင့် ည၁၁နာရီ.....။

ဂျယ်ယွန်းတစ်နေကုန် Hyungကို လိုက်ရှာနေခ့ဲပေမယ့် နောက်ဆုံး မတွေ့တ့ဲအခါ အဆောင်ပြန်လာခဲ့ရတယ်.....။ယုတ်စွအဆုံး တိုက်ခန်းမှာတောင် Hyungကရှိမနေဘူး။

Hyungက အတိတ်တွေကိုဖက်တွယ်ရင်း
လက်ရှိအ‌ေြခအနေကနေ ခနခန ရှောင်ပြေးနေတတ်သူ.......။ မာကျောချင်ယောင်ဆောင်တ့ဲHyungက သိပ်နာကျင်ရမှာကြောက်တ့ဲသူ.....။

အခုလည်း တစ်ချောင်ချောင်မှာ လူမသိသူမသိ ငိုနေပြန်အုံးမလားမသိဘူး.....။

ဒါပေမယ့် ည၁၁နာရီခွဲမှာတော့ Hyungဆီက
Message ပို့လာပါတယ်.....။

ဂျယ်ယွန်း မှိန်ပြပြလမ်းမီးတိုင်တွေရဲ့အလယ်မှာအိမ်နေရင်း ဖိနပ်အပါးလေးနဲ့ ပြေးလွှားနေခ့ဲတယ်။

Hyung messageပို့ထားတ့ဲ အဆောင်လမ်းထိတ်ကိုရောက်တော့Hyungက လမ်းဘေးဓာတ်မီးတိုင်အောက်ကအုတ်ခုံမှာ ထိုင်နေတယ်။

" Hyung.... Hyung တစ်နေ့လုံး ဘယ်ရောက်နေတာလဲကျွန်တော်လိုက်ရှာနေတာ..... အဆင်ပြေရဲ့လား"ဆိုတော့
"ဒီတိုင်း..ကိုယ် စဥ်းစားစရာနည်းနည်းရှိလို့"
ပါတ့ဲ.....။

ဂျယ်ယွန်းကတော့ သိပ်အဆင်ပြေပုံမရတ့ဲ
Hyungကိုပဲငေးနေခ့ဲပါတယ်။

" အင်းပါ....Hyungရယ်"
ဆိုပြီး ဂျယ်ယွန်း Hyungဘေးမှာ ကပ်ထိုင်လိုက်တယ်။

" ဂျယ်ယွန်းနီး ကိုယ်ပြောစရာရှိတယ်"

္" Omm ပြောလေ Hyung"

" ကိုယ့် အဖေဆိုတ့ဲလူ ......ဆေးရုံမှာ ကင်ဆာဖြစ်နေတယ်တ့ဲ"

ဂျယ်ယွန်းအလန့်တကြား Hyungကိုကြည့်မိတယ်။

" ဘယ်လို....Hyung"

Hyungကတော့ သွေးအေအေးပါပဲ.....

" အင်း.....ကိုယ် သူ့အစား ကုမ္မဏီကို၀င်ပေးရတော့မယ်" တ့ဲ.......။

My 10months'LOVE(Completed)Where stories live. Discover now