Chapter26

1.7K 228 46
                                    

BN- wallထဲမှာ mix bloodအစား psycho Ex-Loverဆိုတ့ဲ ficအသစ်တစ်ပုဒ်အစားထိုး
Upထားပါတယ်။အမျိုးအစားကတော့ romanceလေးပါ။ဒါပေမယ့် commentတွေ
မှာ ကိုယ်roဆန်ဆန်ရေးထားတာကို လာခွီနေတ့ဲအုပ်စုက သက်သက်ကိုရှိတယ်🤣။
အ့ဲတော့ ဖတ်တ့ဲလူအတွက် comedy လေးလည်းနည်းနည်းဖြစ်တယ်လို့ထင်ပါတယ်။လာပြီးဖတ်ပေးကြပါဦးနော်😍

=============================

" tap......tap"

ကော်ရစ်တာတစ်လျှောက် ခြေသံခပ်ပြင်းပြင်းနဲ့ ဖြတ်လျှောက်လာတ့ဲ လူငယ်သုံးဦးဟာ သူတို့ဦးတည်ရာ အခန်းရှေ့ရောက်သွားတာနှင့် သူတို့ခြေလှမ်းတွေ တစ်ပြိုင်တည်း
ရပ်တန့်သွားကြသည်။ ရှေ့ကဦးဆောင်တ့ဲ
ကောင်လေးက သက်ပြင်းသံခပ်ကျယ်ကျယ်ချကာ အခန်းတံခါးကို တွန်းဖွင့်ပြီး သူတို့
၀င်သွားလိုက်သည်။

အခန်းထဲက ဖြူဖျော့ဖျော့လူနာလေးရဲ့ ပုံသဏ္ဍန်ကိုမြင်တ့ဲအခါ အနောက်မှာရပ်နေတ့ဲ
ကောင်လေးတစ်ယောက်က သူ့ပါးစပ်ကိုလက်နဲ့ပိတ်ပြီး အ့ံြသထိတ်လန့်စွာငိုနေသည်။
နောက်ကောင်လေးတစ်ယောက်ကလည်း
မျက်ရည်အ၀ဲသားနဲ့ ရပ်ကြည့်နေခ့ဲသည်။

ရှေ့ဆုံးက ကောင်လေးကတော့ မမြင်ရက်စွာ
မျက်နှာတစ်ဖက်ကိုလွှဲလိုက်ပြီး လူနာရဲ့ဘေးမှာ လက်ကိုဆုတ်ကိုင်ပြီး ထိုင်နေတ့ဲ ကောင်လေးဆီ ဦးတည်လိုက်သည်။

" ဆောင်းဟွန်.....ဆောင်းဟွန်"

ဆောင်းဟွန် သူဘယ်လောက်တောင် ငေးမောတွေ‌ေ၀မိနေသလဲမသိ။တစ်စုံတစ်ယောက်ဆီက ပုခုံးကို ဆုတ်ကိုင်လှုပ်နိုးခြင်းခံလိုက်ရမှ အသိ၀င်ပြီး လှည့်ကြည့်လိုက်တော့ ဂျေးတို့သုံးယောက်က အခန်းထဲတောင်ရောက်နေပြီ ဖြစ်သည်။

Jay အနောက်ကငိုနေတ့ဲ ကောင်လေးနှစ်ယောက်က ဂျယ်ယွန်းနီး သူငယ်ချင်းလေးတွေဖြစ်သည်။အင်းပေါ့လေ....သူတို့လည်း
၀မ်းနည်းမှာပေါ့။

" အခြေအနေကဘာထူးလဲ"

ခပ်နွမ်းနွမ်းပြုံးရင်း ဆောင်းဟွန်က.....

" အသက်အန္တရာယ်မရှိတော့ဘူးတ့ဲ"

" အဲဒါဆို ဆောင်းဟွန် ဒီကလေးတွေရှိနေတုန်း ငါတို့အပြင်ခနထွက်ပြီး စကားပြောရအောင်"

My 10months'LOVE(Completed)Where stories live. Discover now