The End

2.8K 248 83
                                    


အခန်းအတွင်းရာသီဥတု အခြေအနေက
အတော်လေးအေးခဲနေသည်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံတစ်မိုးအောက်ထဲမှာ
အချိန်ပြည့်ရှိနေတာတောင် လာတွေ့ဖို့
အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေခ့ဲတ့ဲ
သူ့သူဌေးရဲ့ သားတော်မောင် အခုတော့
အခန်းထဲရောက်လာခ့ဲခြင်းကြောင့်ဖြစ်သည်။

စိတ်ကတင်းနေပေမယ့် လူကမတ်တပ်တောင်မရပ်နိုင်တော့တ့ဲ လူမမာအဖေနဲ့သူ့သားရဲ့
ဆက်ဆံရေးကတော့ အများနဲ့မတူပဲ နှစ်ယောက်ကြားမှာ ပြောစရာရှာမရဖြစ်နေတ့ဲ
ပုံနှင့် တိတ်ဆိတ်နေကြသည်။

သူ့အနေနဲ့နှစ်ရှည်လများ ဒီသူဌေးဆီမှာ
အတွင်းရေးမှူးလုပ်လာတာကြောင့် ဒါမျိုး
မြင်ကွင်းကတော့ သိပ်ဆန်းတယ်ရယ်မဟုတ်ပေ။ သူတို့နှစ်ယောက်စလုံးကြားအောင် လေပူကြီးကို အရင်မှုတ်ထုတ်ပြလိုက်တော့ နှစ်ယောက်စလုံး သူ့ကိုကြည့်ပြီး မျက်မှောင်ကုတ်သွားလေရဲ့။

နောက်တော့ သူဌေးဘက်က သပ်ပြင်းခပ်ဖြေးဖြေးချရင်း စကားစတင်ဆိုလာတယ်။

"ကောင်လေး အခြေအနေကဘယ်လိုလဲ"

"ကောင်းပါတယ်"

"လိုတာရှိရင် အတွင်းရေးမှူးဟန်ကနေတစ်ဆင့် ပြောပေါ့"

"သိပါပြီ...."

စကား၀ိုင်းက ခေတ္တမျှပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ဖခင်ဖြစ်သူရဲ့ ကုတင်ပေါ်မှာ
တက်ထိုင်နေတ့ဲ ကလေးမလေးကတော့
ဘာမှမသိနားမလည်စွာ အစ်ကိုဖြစ်သူနဲ့
အဖေဖြစ်သူကို တစ်လှည့်စီ ကြည့်နေသည်။

" အတွင်းရေးမှူး ဟန် သမီးကိုခနလောက်
အပြင်ခေါ်သွားပေးပါလား"

" ဟုတ်က့ဲ သူဌေး"

အတွင်းရေးမှုးဟန်က ကလေးမလေးကို
ချီပြီး အပြင်ခေါ်ထုတ်သွားခ့ဲသည်။

" ဂျူရီ......သူတစ်ကယ်ပဲ ရှင်းဂျယ်ယွန်းဆိုတ့ဲ ကောင်လေးကို တွန်းချလိုက်တာလား..."

" သူဘယ်လို ပြောလို့လဲ"

သူဌေးပတ်က သက်ပြင်းခပ်ဖြေးဖြေးချရင်း

" သူတွန်းချပါတယ်လို့ ၀န်ခံထားတယ်"

ဆောင်းဟွန်က အေးစက်စက်နဲ့ပင်ပြန်ဖြေလာခ့ဲတယ်။

My 10months'LOVE(Completed)Donde viven las historias. Descúbrelo ahora