Chapter24

1.7K 229 87
                                    

ညဟာ တိတ်ဆိတ်နေသည်......။
လူရှင်းတ့ဲ လှေကားကနေ
တစ်လှမ်းချင်းဆီတက်လာတ့ဲ
သူမခြေလှမ်းတွေ သုံးလွှာမြောက်ကို
ရောက်တ့ဲအခါ ကွေ့ချိုးလိုက်ပြီး ကော်ရစ်တာအတိုင်း လျှောက်လာခ့ဲသည်။

အခန်းတစ်ခန်းရှေ့ကိုရောက်တ့ဲအခါ သူမခြေလှမ်းတွေရပ်သွားပြီး ကပ်ရပ်အခန်းကို တစ်ချက်ငေးကြည့်လိုက်သည်။

ဘယ်သူမှမရှိတော့ပဲ မီးမှိတ်ကာ အပြင်ကနေသော့ခပ်ထားတာကို မြင်လိုက်ရတာကြောင့် maskအုပ်ထားတ့ဲ အောက်နှုတ်ခမ်းကို
ဖိကိုက်ထားမိသည်။ သူမတောင်
မသိလိုက်ခင် ပတ်ဆောင်းဟွန် ဆေးရုံက
ဆင်းသွားပြီ.....။

စက္ကန့်ပိုင်းအတွင်းမှာပဲ ရှေ့ကအခန်းဆီ
အကြည့်ပြန်ရောက်သွားပြီး ခေါင်းကိုဘယ်ညာလှည့်ကာ ပတ်၀န်းကျင်ကိုတစ်ချက်အကဲခတ်ရင်း တံခါးတွန်းဖွင့်ကာ ၀င်ရောက်လိုက်သည်။

တိတ်ဆိတ်နေတ့ဲ အခန်းထဲမှာ အောက်ဆီဂျင်
ပိုက်ကိုအမှီပြုပြီး မေ့မျောနေတ့ဲ လူနာတစ်ယောက်သာ ရှိသည်။ မျက်နှာထက်က maskကို ချွတ်ကာလူနာဆီ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

ဟက်.....ဒီအခြေအနေကို စောင့်နေခ့ဲတာ အတော်ကြာပြီ။အခုတောင် အမြဲတမ်း
ပီကယ်လို ဒီအခန်းမှာကပ်နေတ့ဲ
အတွင်းရေးမှုးဟန် ဆေးရံုအပြင်ထွက်သွားတ့ဲအထိ စောင့်ပြီး ၀င်လာခ့ဲရတာဖြစ်သည်။

" နောက်ဆုံးတော့ အစ်ကိုကြီးနဲ့ကျမ နှစ်ယောက်တည်းပဲ ကျန်တော့တယ်.....။"

သူမရဲ့ လက်ချောင်းတွေနဲ့ လူနာရဲ့
မျက်နှာတွေကို တို့ထိကာ မ့ဲပြုံးပြုံးလိုက်သည်။

" အစ်ကိုကြီးက သိပ်လူပါး၀တ့ဲ လူ....

စိတ်ဓာတ် အောက်တန်းကျတ့ဲ လူ......

ကျမကို ငွေ၀ယ်ကျွန်လို အမြဲတမ်းနှိမ်ချိုးနေတ့ဲ လူ.....။

အစ်ကိုကြီး ကျွန်မကိုကောင်းကောင်းမွန်မွန်အစကတည်းကဆက်ဆံခ့ဲသင့်တာ....။

ကျွန်မသမီးကို ချစ်သလောက် ကျွန်မအပေါ်
နည်းနည်းလေး မေတ္တာထားပေးရင်တောင်
အားနာတ့ဲ စိတ်နဲ့ ဒီလိုအခြေအနေမျိုးရောက်အောင် ဖန်တီးမိမှာမဟုတ်ဘူး။

My 10months'LOVE(Completed)Where stories live. Discover now