Chapter23

1.6K 237 78
                                    

ဆောင်းဟွန် ဆေးရုံမှာ သတိမေ့နေတာနှစ်ရက်ကျော်ပြီဖြစ်သည်။အဲဒီ့နှစ်ရက်စလုံး
ဂျယ်ယွန်း တစ်နေ့တစ်ကြိမ်စီဆေးရုံရှေ့ရောက်ဖြစ်သလို Jayကလည်း ထွက်တွေ့ပြီး
ဆောင်းဟွန်အခြေအနေပြောပြဖြစ်သည်။

တစ်ဖြည်းဖြည်းနဲ့ စိတ်ကိုထိန်းချုပ်လာနိုင်ပြီး
ဂျယ်ယွန်းပုံစံက နည်းနည်းလေးတည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာသည်။ ဒါပေမယ့်
သူ့ကို ကျောင်းတက်ဖို့ပြောတ့ဲစကားကို နားမထောင်ပဲ ကျောင်းနားတော့မည်ဟု ခေါင်းမာမာပြောလာသည်။

သုံးရက်မြောက်နေ့မနက်မှာတော့ ဆောင်းဟွန် မျက်ခွံတွေစတင်လှုပ်ရှားလာပြီး တဖြည်းဖြည်းချင်း သတိပြန်ရလာသည်။ဆရာ၀န်သူနာပြုတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာတ့ဲ ဆေးရုံအခန်းနဲ့အတူ  Jay၊ဂျောင်၀န်းနဲ့အတွင်းရေးမှူးဟန်က ဘေးမှာ
သူ့အခြေအနေကို ရပ်ကြည့်နေကြသည်။

အခြေအနေတည်ငြိမ်သွားတော့မှ ဆရာ၀န်နဲ့သူနာပြုတွေက ပြုံးပြလာပြီး သေချာအနားယူဟုဆိုကာ ပြန်ထွက်သွားကြသည်။
ထိုအခါမှ jayတို့ အနားရောက်လာသည်။

" welcome back ဟေ့ကောင်"

Jayရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်ပေမယ့်
ကျောရိုးအထိစိမ့်တက်လာတ့ဲ နာကျင်မှုကြောင့် မျက်လုံးစုံမှိတ်ထားမိလိုက်သည်။

" မင်းကံကောင်းလို့ ကျောရိုးအက်ရုံလေးပဲ
ဖြစ်တာ နောက်မို့ဆို အောက်ပိုင်းသေသွားတော့မလို ဖြစ်တော့မလို့"

" သူတို့ရော...."

"မင်းကို လုပ်တ့ဲကောင်တွေလား..."

‌ေဆာင်းဟွန် ခေါင်းငြိမ့်ပြလိုက်သည်။

" မပူနဲ့....အကုန်မိတယ်။ငါရဲတစ်ခါတည်း
ခေါ်လာတာ"

ဆောင်းဟွန် မျက်လုံးပြန်မှိတ်ရင်း တစ်ချက်
စဥ်းစားပြီးမှ.....

" အဖေရော...."

" ဘေးခန်းမှာ သတိတော့မရသေးဘူး
ဒါပေမယ့် သိပ်မကြာခင်နိုးလာမှာပါ"

" ငါ့ဖုန်းက အသံမြည်လာလို့ သူတို့သတိထားမိသွားတာ..."

Jayက သဘောပေါက်သလို ခေါင်းညိတ်ပြလာသည်။ဆောင်းဟွန်က အနောက်မှာရပ်နေတ့ဲ အတွင်းရေးမှူးဟန်နဲ့ ဂျောင်၀န်းကို အသိအမှတ်ပြုသလို တစ်ချက်ကြည့်ကာ
ဘယ်သူမှ၀င်မလာတ့ဲ တံခါးကိုတစ်ချက်ကြည့်ရင်း မျက်လုံးမှိတ်ကာ ပြန်ပြီးငြိမ်သက်သွားသည်။

My 10months'LOVE(Completed)Where stories live. Discover now