Chapter9

2.3K 311 26
                                    

ဆောင်းဟွန်တို့တိုက်က ဓာတ်လှေကား ပျက်နေတာကြောင့် ဆောင်းဟွန်မနက်စောစောစီးစီး လှေကားကနေ‌ေြခကျင်ဆင်းလာရသည်။

လိုအပ်တာထပ်ပိုကြာသွားတာကြောင့် အဆောင်ရှေ့ရောက်တာနဲ့တင်အချိန်က 8နာရီခွဲဖို့ 5မိနစ်လောက်သာကျန်သည်။

" Hyung...."

စတွေ့တုန်းကလို ဦးထုတ်အနက်ရောင်လေးနောက်ပြန်ဆောင်းရင်း ခဲရောင်ဟူဒီလေး၀တ်ထားတ့ဲ ဂျယ်ယွန်းက ဆောင်းဟွန်ကိုစောင့်နေရင်း နည်းနည်းအေးနေပုံရသည်။

ရာသီဥတုကလည်း အနည်းငယ်အုံ့မှိုင်းပြီး
သိပ်မကြာခင်မိုးရွာနိုင်တာကြောင့် ဆောင်းဟွန်က ဂျယ်ယွန်ကို လက်ကောက်၀တ်ကနေ
ဆွဲခေါ်ပြီး အဆောင်ထဲ၀င်လာလိုက်သည်။

အပြင်မှာ ဂျယ်ယွန်းအေးနေမှာရော မိုးရွာကြီးထဲထိုင်စောင့်နေမှာ ဆိုးတာရောကြောင့် အပြင်မှာမစောင့်စေချင်...။
စကားအများကြီးပြောဖို့ အချိန်မရှိတာ‌ေြကာင့် ဒီအတိုင်းဆွဲခေါ်လာချင်းဖြစ်သည်။
ဂျယ်ယွန်းကတော့ ဒီအတိုင်း ဘုမသိဘမသိ အူတူတူနဲ့ပါလာသည်။

ဆောင်းဟွန်တို့ labအခန်းမျက်စောင်းထိုးရှေ့
နားနေခုံလေးတွေဆီရောက်မှ ကျောပိုးအိတ်ကို ဂျယ်ယွန်းဆီပေးလိုက်သည်။

" ဒါယူပြီး ဒီမှာခနထိုင်စောင့်နေ ၄၅မိနစ်ပဲ
ပြန်လာခ့ဲမယ်"

" ဟုတ်....Hyung"

ဂျယ်ယွန်းရဲ့ စကားတောင်မဆုံးသေးပဲ
ဆောင်းဟွန်က ခပ်သုပ်သုပ် labခန်းထဲ ၀င်သွားသည်။

ဂျယ်ယွန်းလည်း မနက်ကအစောကြီးထပြီး
ဘာမှစားမလာရတာကြောင့် ထိုင်ခုံမှာ၀င်ထိုင်ပြီး အိတ်ထဲက ပါမုန့်နဲ့ရေဘူးထုတ်ကာ စားနေလိုက်သည်။

၄၅မိနစ်ကျော်ကျော်လောက်မှာ ဆောင်းဟွန်တို့အတန်းဆင်းလာပြီး ထိုင်နေရာကထပြီးရပ်စောင့်နေတ့ဲ ဂျယ်ယွန်းဆီ ဆောင်းဟွန်
သွားလိုက်သည်။

ဂျယ်ယွန်းဆီကနေ ကျောပိုးအိတ်ကို လှမ်းယူလိုက်တော့ " Hyung..."ဆိုပြီးဂျယ်ယွန်းက သူ့လက်ထဲက ရေဘူးလှမ်းပေးလာသည်။


ဆောင်းဟွန် ခေါင်းခါပြလိုက်သည်။

My 10months'LOVE(Completed)Tempat cerita menjadi hidup. Temukan sekarang