Chapter15

2K 301 60
                                    

တီဘီအသံကိုကျယ်ရင်း အဆက်အစပ်မရှိတ့ဲ
ဇာတ်လမ်းတွဲတစ်ခုကို ငေးနေမိတယ်....။
ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကောင်တွေဟာ
အော်ဟစ်ရန်ဖြစ်ပြီး အချင်းချင်းအပြစ်တင်နေကြတ့ဲ ဇာတ်၀င်ခန်းအသံတွေ ဆူညံနေတယ်......။ အချိန်က ည၁၀နာရီ ကျော်ပြီ
အလည်လွန်နေတ့ဲ ကြောင်လေးတစ်ကောင်က ခုထိပြန်ရောက်မလာသေးဘူး.......။

အတွေးလွန်နေတုန်းအပြင်က ခပ်စိပ်စိပ်တံခါးထုသံပေါ်လာတာကြောင့် မ၀ံ့မရဲ လက်တစ်ဖျန်စာလောက်သာ သွားဖွင့်လိုက်တော့ မြင်ရတာက ဟိုတစ်ခါရေဘူးစာကွေျးလိုက်လို့ အစာမကြေဖြစ်နေတ့ဲ လူရဲ့မျက်နှာပင်။


မျက်ခုံးတွန့်ပြီး ပေတေတေရပ်ကြည့်နေမိတော့ ထိုလူဆီက အသံခပ်စွာစွာထွက်လာတယ်။

" ဟေ့....တံခါးသေချာဖွင့်လေ။ ဒီမှာ မနိုင်မနင်းနဲ့ ဟ...."

ထိုတော့မှ ထိုလူ့ကိုအကုန်ပစ်ပြီး တစ်ကိုယ်လုံးမှီထားတ့ဲ Hyungကိုတွေ့ရတယ်။

" Hyung....."

မျက်လုံးတွေ မှိတ်ထားစဲ Hyungက လောကကြီးနဲ့ အဆက်အသွယ်ပျက်နေပုံရတယ်။
တံခါးကို အဆုံးဖွင့်ပေးလိုက်တော့ ယိုင်ထိုးနေတ့ဲ Hyungကိုတွဲပြီးအထဲရောက်တာနဲ့ ကြမ်းပြင်ပေါ်ပစ်ချသွားတယ်။

ဂျယ်ယွန်း မျက်မှောင်တွေကြုံ့ရင်း ' ြဖည်းဖြည်းသက်သာ လုပ်ပါ'လို့ တစ်ချက်အော်လိုက်ရတယ်။ အရေးမထားတ့ဲလူကတော့
သူ၀တ်ထားတ့ဲ အနက်ရောင် အပေါ်ထပ်အင်္ကျီကို ချွတ်လာရင်း ...

" ဘားမှာ မှောက်နေတာ အမြင်မတော်လို့သယ်လာပေးတာ။ သွားပြီ....."

ဂျယ်ယွန်း ကျေးဇူးပဲလို့ ၀န်လေးပေမယ့် လှမ်းပြောလိုက်ဖြစ်တယ်။ ထွက်သွားပြီ
ဖြစ်တ့ဲလူကတော့ မကြားချင်ယောင်တမင်
ဆောင်သွားပုံရတယ်။

" Hyung.....Hyungရေ ထဦးလို့"

တုတ်တုတ်မျှမလှုပ်တာကြောင့် အတင်းထူကာ ကုတင်ပေါ်တွဲတင်ပေးလိုက်ရသည်။
အရက်အရှိန်ကြောင့် အိပ်ပျော်နေတာတောင် Hyungပါးလေးတွေကနီရဲနေတယ်။
အိပ်ပျော်နေတ့ဲ Hyungမျက်နှာလေးကို
တစ်ညလုံးအ၀ထိုင်ကြည့်ရင်း ဘယ်အချိန်
အိပ်ပျော်သွားမှန်းတောင်မမှတ်မိခ့ဲဘူး....။

My 10months'LOVE(Completed)Where stories live. Discover now