Chapter7

1.9K 304 7
                                    

" အ့ဲမျက်နှာကြီးက ဘာဖြစ်နေရပြန်တာလဲပြော....."

ဖုန်းထဲက ဆော့လက်စ ဂိမ်းကို ခနရပ်ရင်း
ဆောနူကမေးလာတာပါ။ နီကီကလည်း
ဂျယ်ယွန်းအဖြေကို စောင့်နေပုံရတယ်။

ဂျယ်ယွန်း သူတို့ထိုင်နေတ့ဲအနားက
ကန့်‌ေကာ်ပင်တွေကိုကြည့်ရင်း လေပူကြီးတွေမှုတ်ထုတ်လိုက်တော့ နှစ်ယောက်စလုံး မျက်မှောင်ကုတ်သွားကြသည်။

"ဒီလိုကွာ..... Hyungနဲ့မတွေ့ရတာ လေးရက်ရှိပြီ။ဖုန်းလည်းမကိုင်ဘူး စာလည်းပြန်မပို့ဘူး။ကျောင်းလည်းမလာဘူး အိမ်မှာသွားစောင့်နေလည်း တံခါးမဖွင့်ပေးဘူးကွာ"

နှစ်ယောက်စလုံးနားထောင်နေရင်း စကားအဆုံးမှာတော့ ဆောနူက...

" မင်းရဲ့ Hyungအကြောင်းကို ဘယ်လောက်ထိသိလဲ ဂျယ်ယွန်း။ မင်းတို့အခြေအနေက
အရမ်းမြန်လွန်းမနေဘူးလား...။

ငါပွင့်ပွင့်လင်းလင်းမေးမယ် မင်းတို့နှစ်ယောက်က ဘာတွေလဲ"

" ငါမသိဘူး ဆောနူ.....ငါ ငါက ဒီအတိုင်း
Hyungကိုဖွင့်ပြောထားတာ။Hyungက
သူ့သဘောကို ဘာမှမပြောဘူး ဒါပေမယ့် ငါသူ့အနားလာနေတာကို မောင်းမထုတ်ဘူး"

ဂျယ်ယွန်းရဲ့စကားကို ဆောနူနဲ့နစ်ကီက
သက်ပြင်းသ့ဲသ့ဲချပြီးနားထောင်သည်။

" မင်းရဲ့ Hyungအကြောင်းကို ဘယ်လောက်ထိ သိလည်း ဂျယ်ယွန်း။ သူအရင်ကဒီလိုမဟုတ်ဘူး ။

သူ့မှာ အမြဲ တစ်တွဲတွဲရင်းနှီးတ့ဲ သူငယ်ချင်းတွေလည်းရှိတယ်။

ငါတို့နှစ်ယောက် သူ့အကြောင်းတွေလိုက်စုံစမ်းပြီးသွားပြီ။ final မှာ သူ့ဇာတ်လမ်းကနာမည်ကြီးပဲ"

ဇွန်လရဲ့ မနက်ခင်းက အေးစက်စိုစွတ်ဆဲပဲ။
Hyungမပြောပြချင်တ့ဲ အတိတ်အကြောင်းကို သိပြီးတ့ဲ ဆောနူနဲ့နီကီဟာ အဆင်မပြေသလိုပုံစံနဲ့ ဂျယ်ယွန်းကိုငေးကြည့်နေခ့ဲတယ်။

ဂျယ်ယွန်း တစ်ချို့ကိစ္စတွေကို ပြည့်ပြည့်၀၀
မသိပေမယ့် Hyungဆီက တစ်စံုတစ်ခုကို လွမ်းရိတ်သန်းနေတ့ဲမျက်၀န်းတွေ.........၊တစ်ခါတစ်ခါ မသိချင်ယောင်ဆောင်ထားတ့ဲကြားက ကြားနေရတ့ဲသက်ပြင်းရှိုက်ထုတ်သံတွေကြောင့် တစ်စိတ်တစ်ဒေသတော့
ဂျယ်ယွန်း ရိပ်မိပါသည်။

My 10months'LOVE(Completed)Where stories live. Discover now