Chapter 19

1.4K 221 61
                                    

ရှေ့ကနေ busကားတစ်စီး ဖြတ်သွားတာကို
ကြောင်တောင်တောင်နဲ့ သတိလက်လွတ်ငေးကြည့်နေမိသည်။ သူထိုင်နေမိတာ လူရှင်းတ့ဲ
လမ်းမပေါ်က ကားမှတ်တိုင်တစ်ခုမှာဖြစ်သည်။ ရာသီဥတုက ပိုပြီးအေးစက်လာသည်။လမ်းမီးတိုင်အောက်က အလင်းရောင်ကိုသာ အမှီမပြုပါက တိတ်ဆိတ်မဲမှောင်မှုကြီးသည် သူ့အား၀ါးမျိုသွားတော့မည်ဖြစ်သည်။

ထိုနည်းတူ သူ့ဦးနှောက်သည်လည်း ရောထွေးပြွတ်ကျပ်နေသည့် ပြိုပျက်မှုတွေ
တစ်စတစ်စ၀ါးမျိုခံနေပြီဖြစ်သည်။စိတ်ထဲတွင် အကြိမ်ကြိမ်တစ်၀ဲလည်လည်တွေးနေမိတာက Ommaက ကျွန်တော့်ကို ဘာပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ ချစ်မှာပါဟု
ဟာသဆန်စွာ ထင်မှတ်ခ့ဲဖူးတ့ဲအကြောင်းကိုဖြစ်သည်။

ကျွန်တော်မသိခ့ဲတ့ဲ တစ်ဖက်ခြမ်းမှာ ဘယ်လောက်တောင် ကျွန်တော့်လိုကလေးမျိုးက သူမကိုစိတ်အနှောက်အယှက်ဖြစ်စေခ့ဲပါသလဲ။ နင်ငါ့ကို Ommaလို့မခေါ်နဲ့ဆိုတ့ဲ
စကားတစ်ခွန်းရဲ့အောက်မှာ ခေါင်းညှိပ်ပြီး
ထွက်သွားပေးရုံပါပဲ။အဆုံးမှာတော့ တစ်ခုခုဆို ပြေးပုန်းစရာ အိမ်မရှိတ့ဲ ကျွန်တော်ပါပဲ။

လက်ထဲကိုင်ထားတ့ဲ ဖုန်းဆီက Hyungဆိုတ့ဲ
အမည်နဲ့အ၀င်callပေါင်းများစွာကို လျစ်လျှူရှုကာ နိုတီ၀င်ထားတ့ဲ စာတိုတွေကို ဖွင့်ဖတ်ကြည့်လိုက်သည်။

*ကလေး မင်းဘယ်မှာလဲ။မိုးချုပ်နေပြီ အခုဖုန်းကိုင်ပါ*

Hyungရဲ့ ဖုန်းကိုင်ပါ၊အိမ်ပြန်လာပါဆိုတ့ဲ အကြောင်းအရာတွေ ပလုံစီထွက်ကျလာသည်။ဂျယ်ယွန်း မျက်လွှာတွေကိုချကာ
တိတ်ဆိတ်နေမိသည်။

ကျကွဲသွားတ့ဲ ရှန်ပိန်ခွက်အပိုင်းအစတွေ၊
အ့ံြသတစ်ကြီး ရပ်ကြည့်နေတ့ဲ သိပ်ရင်းနှီးပါသော မျက်၀န်းတွေ၊လှမ်းဆွဲထားတ့ဲ သူမလက်တွေကြားမှာ ရပ်တန့်နေတ့ဲ လက်တစ်စုံ

ကျွန်တော့်ရဲ့ အမေအရင်းဆီက အရှုံးတွေနဲ့အရှက်ခွဲခံရတ့ဲ မေတ္တာတရားတွေအတွက်
ပြေးထွက်လာပြီး ထွေးပွေ့ကာကွယ်ပေးဖို့ကိုရော Hyung ခင်ဗျားမတော်တဆ တွေးမိရဲ့လားလို့ မေးချင်မိသည်။

ထပ်ပြီးမတွေးတော့ဘူးဟု အကြိမ်ကြိမ်သတိထားရင်း အမှောင်ထဲမှာပဲ တစ်၀ဲလည်လည်ဖြစ်နေမိသည်။လေတစ်ဖြူးဖြူးတိုက်ခတ်ရာ နောက်ကို တစ်ဖျက်ဖျက်ခါပြီး
လိုက်ပါသွားတ့ဲ အမှိုက်တစ်စလိုမျိုး
ကျွန်‌ေတာ်လည်း အ‌ေ၀းကိုလွင်မျောသွားရင် ကောင်းမှာပဲ။ ကျွန်တော်မပျော်တော့ဘူး.....။

My 10months'LOVE(Completed)Where stories live. Discover now