Chapter17

1.8K 294 45
                                    

ဖုန်းထဲ ၀င်လာတ့ဲ စာတိုတစ်‌ေစာင်ကို ကြည့်ရင်း......

ဟန်ဂျူရီ .....မင်းဟာအရင်အတိုင်း
အတ္တကြီးပြီး စောက်ချိုးမပြေတ့ဲ
မိန်းမပဲလို့...တွေးကာ ခပ်ပြင်းပြင်း
တောက် တစ်ချက်ခေါက်မိသည်။

ဂျယ်ယွန်း ရှေ့က ရေအပြည့်ထည့်ထားတ့ဲ
ဖန်ခွက်လေးကို ယူသောက်မလို့လုပ်နေတုန်း
Hyungရဲ့ တောက် ခေါက်သံကြောင့်
လက်ထဲကိုင်ထားတ့ဲ ဖန်ခွက်လေးကို ပြန်ချကာ မျက်နှာငယ်လေးနဲ့ Hyungကို ကြည့်နေမိသည်။

ဒါကို သတိထားမိလာတ့ဲ Hyungက ဂျယ်ယွန်းဘက်လှည့်လာရင်း ....

" ဂျယ်ယွန်းနီး အထင်မလွဲနဲ့နော်...။
မနေ့ကအပြန် မိုးတွေတအားကြီးနေလို့
တစ်ကိုယ်လုံးရေတွေရွှဲပြီး
ကိုယ်ဘယ်လိုမှ ပြန်ဖို့ကားမရဘူး။

အဲဒါ သူအတင်းခေါ်တ့ဲ သူ့ကားနဲ့ လမ်းကြုံ
လိုက်ပြီးအိမ်ပြန်လာတာ....။ ကိုယ့်ကို ယုံပါ...."

ကိုယ့်ကို ယုံပါတ့ဲ.......။ဒီစကားကို Hyungက
သူ့အချစ်တော် ခွေးပေါက်လေးတစ်ကောင်ကို ချော့သလို ဂျယ်ယွန်းကျောကို လက်နဲ့ခပ်ဖွဖွ ပွတ်သပ်ပေးရင်း လာချော့တယ်။

" အင်း...ယုံပါတယ်......."

တစ်နေ့လုံး အတူပျော်ခ့ဲရပေမယ့် အခုတော့
ဂျယ်ယွန်းရဲ့ စိတ်ဟာ လေးလေးပင်ပင် ပင်။

အိမ်ပြန်ရောက်လာတော့ ညနေနည်းနည်းစောင်းနေပြီဖြစ်သည်။ ၀ယ်လာတ့ဲ ပစ္စည်းတွေကို နှစ်ယောက်အတူ နေရာချရင်း
အိမ်သန့်ရှင်းရေးပါ တစ်ခါတည်းအတူတူ
လုပ်ကြသည်။

" Hyung....ကျွန်တော် အမှိုက်သွားပစ်လိုက်ဦးမယ်"

" အွန်း...နည်းနည်းမှောင်နေပြီ မြန်မြန်ပြန်လာခ့ဲ...."

" ဟုတ်..."

ပျက်နေတ့ဲ မီးပလပ်ခုံ အသစ်ပြန်ရိုက်နေတ့ဲ
Hyungကို တစ်ချက်လှမ်းကြည့်ပြီး တိုက်အောက်ကိုဆင်းလာခ့ဲသည်။

ခပ်သွက်သွက်အမှိုက်အိတ်ကိုပစ်ပြီး လှည့်ပြန်လာတော့ သိပ်မကြာသေးခင်ကမှ မျက်မှန်းတန်းမိသွားတ့ဲ တိုက်အောက်အခန်းက အဒေါ်ကြီးနဲ့ ဆုံသည်။ အဒေါ်ကြီးက
သူ့အခန်းတံခါးသော့ဖွင့်နေရင်း
ဂျယ်ယွန်းကို မြင်တော့....

My 10months'LOVE(Completed)Wo Geschichten leben. Entdecke jetzt