Chapter8

1.8K 283 14
                                    

" Hello. ..Hyung ကျွန်တော် အတန်းပြီးပြီ"

' ခနစောင့်နေဦး .... ဒီမှာမပြီးသေးဘူး'

" ဟုတ် အ့ာဆိုဒါပဲနော်။"


" Omm. .."


Hyung ဆီက ဖုန်းချသွားတာနဲ့ ဂျယ်ယွန်း
အဆောင်ရှေ့က ပန်းခြံအသေးလေးမှာ
ထိုင်စောင့်နေလိုက်သည်။ Hyungနဲ့ ဂျယ်ယွန်းက တစ်မေဂျာထဲအဆောင်တူတော့
အရင်လိုကားမှတ်တိုင်မှာမဟုတ်ပဲ အဆောင်
ရှေ့မှာပဲ Hyungက စောင့်ခိုင်းသည်။

ဟိုတစ်နေ့ကကိစ္စပြီးကတည်းက ဂျယ်ယွန်းနဲ့
Hyungက ပိုပြီးရင်းနှီးလာကြသည်။ တစ်ခါတစ်ခါ Hyungက တစ်နေရာရာကိုကြည့်ရင်း
ငိုင်တိငိုင်တိုင် ဖြစ်သွားတာကလွဲရင် Hyungက အရင်ကထက်ပို ပြုံးသည်။

အခုလည်း Hyungဆီက
ခွင့်ပြုချက်ရထားတာကြောင့် Hyungရဲ့တိုက်ခန်းမှာ ဘွန်ဆိုင်းပင်လေးရယ် လေစကြာရယ် ထားဖို့ အပြန်တစ်ခါတည်း Hyungအိမ် လိုက်ရန်ပူဆာထားြခင်းဖြစ်သည်။

Hyungက finalဆိုတော့ ဂျယ်ယွန်းထက်ပို
အလုပ်ရှုတ်သည်။ မနက်ကလည်း ဂျယ်ယွန်းတောင်အိပ်ယာထဲမှာပဲ ရှိသေးတယ် Hyungက အတန်းထဲမှာ စာသင်နေရပြီတ့ဲ။

ကွျန်‌ေတာ့်.....Hyung လေး သနားပါတယ်။

=========

ဂျယ်ယွန်းဆီက ဖုန်းချပြီးတ့ဲနောက် paper2
သင်တ့ဲ ဆရာမ ဆောင်းဟွန်တို့အတန်းထဲ၀င်လာသည်။

" တီချယ် Bခန်းထဲ၀င်နေလို့ အကုန်လုံးကို
မပြန်ပဲ ခနစောင့်ခိုင်းထားတာ။

မှာစရာရှိလို့။

မနက်ဖြန် တီချယ့်paper practicalကို
labခန်းထဲမှာ fungi မွေးမယ်နော်။ဒါပေမယ့် practical အချိန်ပြောင်းထားတယ်။

အခုက ဘာဖြစ်နေလဲဆိုတော့ third yearက
သူတို့labခန်း မတော်တဆတစ်ခုဖြစ်လို့
တီချယ်တို့ finalနဲ့ လောလောဆယ် labခန်း
လာပေါင်းသုံးနေတယ်။

My 10months'LOVE(Completed)Where stories live. Discover now