Chapter 4

2K 313 17
                                    

ကျဥ်းကျဥ်းကျုပ်ကျုပ် ဆိုဖာမှာ ဂျယ်ယွန်းနိုးထလာခ့ဲတယ်။ပုံမှန်ရက်တွေနဲ့မတူပဲ
တစ်ညလုံး ကွေးကောက်ပြီးအိပ်ရတာကြောင့် တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခ့ဲ။

ညောင်းချိနေတ့ဲ ခန္တာကိုယ်ကို အကြောဆန့်ရင်း နေ့ဘက်မှာတောင်တိတ်ဆိတ်နေတ့ဲ
Hyungရဲ့အိမ်လေးကို ခေါင်း‌ေ၀့ကြည့်ရင်း
ပြုံးမိလိုက်သည်။ ဂျယ်ယွန်းနိုးလာတာနဲ့
စကား‌ေပြာသံ‌ေတွနဲ့ ဆူညံနေတတ်တ့ဲ အဆောင်နဲ့နည်းနည်းမှမတူ။

ဆိုဖာပေါ်ကထပြီး Hyungရဲ့ အခန်းတံခါးကို
တွန်းဖွင့်လိုက်တော့ အထဲမှာ Hyungမရှိတော့ဘူး။ ကျောင်းသွားပြီထင်ပါတယ်။
နှုတ်လည်းမဆက်သွားပြန်ဘူး Hyungရယ်။

နေ့လည်11နာရီ practicalမစခင် Hyungအိမ်ကနေ ထွက်လာခ့ဲပြီး အဆောင်၀င်ကာရေမိုးချိုး မနက်စာစာပြီး
ကျောင်းကိုထွက်လာခ့ဲတယ်။

ကျောင်းကိုရောက်တာနဲ့ ကင်ဆောနူရဲ့ အမေးအမြန်းစစ်ဆေးခံရသေးတယ်။
သိပ်ပြီးသဘောမတွေ့သလို ပုံစံပေမယ့်
ဂျယ်ယွန်းကို မှန်တယ်မှားတယ် ဘာမှတော့ဆက်ပြောမလာ။

ပြောလည်း နားမထောင်ဘူးဆိုတာ ဆောနူသိပြီးသားဖြစ်မည်။ ဘာလို့လဲဆို ဂျယ်ယွန်းက Hyungကိုဘယ်လောက်သဘောကျကြောင်း  စိတ်လိုလက်ရ အမြဲပြောပြတတ်တာကြောင့် ဖြစ်နိုင်မည်။Hyung ကတော့ သိမှာမဟုတ်ပါဘူး။

စားပွဲပေါ်မှာ ကော်ဖီလေးတစ်ခွက်တောင်
ဖျော်ပေးသွားဖို့မပြောနဲ့ နှုတ်တောင်မဆက်သွားတ့ဲ Hyungဟာ တစ်ကယ်ကို သွေးအေးလူသားကြီး ။

အတန်းပြီးတ့ဲအချိန်
" အဆောင်ကို တန်းတန်းမတ်မတ်ပြန်နော်"
ဆိုတ့ဲ ဆောနူရဲ့စကားကို

ဂျယ်ယွန်း နောက်ပြန်လှည်ပြီး ရယ်ကျဲကျဲနဲ့
ပုခုံးတွန့်ပြလိုက်တော့ ကင်ဆောနူက
မျက်မှောင်ကျုတ်ပြီး လက်သီးထောင်ပြလာတယ်။ သူ့ဘေးက နီကီကတော့ ပြုံးစိစိရယ်။

တက်တက်ကြွကြွနဲ့ တစ်ကျောင်းလုံးပတ်ပြီး
မိုးဖွဲလေးကြားထဲမှာHyungကိုလိုက်ရှာနေမိတယ်။

My 10months'LOVE(Completed)Where stories live. Discover now